ဆင်ပေါင်ဝဲမြို့နယ်တွင် လေပွေတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်တွင် လေပွေတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီး




ဆင်ပေါင်ဝဲ ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သငှားကျေးရွာအုပ်စု၊ သငှားကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က လေပွေတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၃) လုံး၊ စာသင်ကျောင်း (၁) ကျောင်းနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးခဲ့သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း၊ လေဘေးသင့်ပြည်သူများ ယာယီနေထိုင်စားသောက်ရေးအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ နီးစပ်ရာ ဆွေမျိုးသားချင်းများနှင့်ညှိနှိုင်း၍ စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။


ခန့်ဝင်း(ဆင်ပေါင်ဝဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)