မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရွှေတောင်မြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရွှေတောင်မြို့၌ ကျင်းပ




ရွှေတောင် ၊  ဧပြီ -  ၁၇

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင်မြန်မာနှစ်ဆန်းတစ်ရက်နေ့၌  နှစ်စဥ် အစဉ်လာမပျက် မြို့နယ်လုံးကျွတ် လောင်းလှူလျက်ရှိသော ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့နံနက် ၇နာရီက  ကျင်းပခဲ့သည်။

     ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ရွှေတောင်မြို့နယ်အတွင်းရှိ သီလရှင်(၂၇၉)ပါးတို့အားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်  ဦးဆောင်ပြီး မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိသားစု စည်းရုံး ရေးနှင့် စည်းကမ်းထိန်းသိမ်း ရေး ကော်မတီ အဖွဲ့ဝင်များ ၊ မြို့မိမြို့ဖများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ စုစုပေါင်း အင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး  ဆွမ်းဆန်တော်နှင့်ဒါတဗ္ဗဝတ္ထုအစုစုတို့အား စု ပေါင်း လောင်းလှူခဲ့ပြီး ဆပ်ပြာမှုန့် (၃၀၀)ထုပ်၊  ခေါက်ဆွဲ ခြောက် (၆၀၀)ထုပ်၊လက်ဖက်ခြောက် (၃၀၀)ထုပ်၊ ဆွမ်းဆန်တော် (၁၅)အိတ် နှင့် ဝတ္ထုငွေ (၃၇၅၀၀၀/-)ကျပ်တို့အား စုပေါင်းလှူဒါန်းခဲ့ ကြောင်း သိရသည်။

https://t.me/MyanmarNationalPost                        

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)