ရွှေတောင် ဧပြီ- ၁၇
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်သော မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယမန့်နေ့ ည ( ၈း၀၀) နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲ နှစ်သစ်ကူး ဆုတောင်းစကားပြောကြားပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ဧည့်ခံဖျော်ဖြေပေးကြသော ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယိမ်းအဖွဲ့များက " မန်းတောင်ရိပ်ခို" သီချင်းဖြင့်ဧည့်ခံဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment