သီပေါ ၊ ဧပြီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက်(၉)နာရီက စတင်၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလအတွက် ပင်စင်လစာငွေများကို ဧပြီလ(၂၂)ရက်နေ့မှ (၂၉)ရက်နေ့အထိ နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ၂၀၂၄ ခုနှစ်၊ မေလလဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သီပေါမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူဦးရေ(၁၂၆၀)ဦးရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
ခင်လေး
https://t.me/MyanmarNationalPost

No comments:
Post a Comment