တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လူငယ်ကဏ္ဍဆိုင်ရာသင်တန်းများဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လူငယ်ကဏ္ဍဆိုင်ရာသင်တန်းများဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်





ထားဝယ်  ၊ ဧပြီ   ၂၃


တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်ကဏ္ဍဆိုင်ရာသင်တန်းများဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ရေး ဆိုသည့် အချက်နှင့်အညီ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒရည်မှန်းချက်နှင့်အညီ လုပ်ငန်းစဉ်များကို ကဏ္ဍပေါင်းစုံကနေဆောင်ရွက်လျက်ရှိကြောင်း၊  မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအနေဖြင့် ဆယ်ကျော်သက်လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ လူကျင့်ဝတ်၊ လူ့တန်ဖိုးနှင့်ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူငယ် ရေးရာအသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပပေးလျက်ရှိပြီး လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက်လည်း နည်းပညာပေးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ စာပေမြင့်မှ လူမျိုးတင့်မည်၊  ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မှ အမျိုးသားရေးကိုထိန်းသိမ်းနိုင်မည်၊ အားကစားလှုပ်ရှားဆောင်ရွက်မှသာ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်မည်  အားကစားသည်နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်၊ လူမျိုးတစ်မျိုး၏ဂုဏ်သိက္ခာဖြစ်သည့်အတွက် လူငယ်များလေ့လာသင်ယူမှုစွမ်းရည် တိုးတက်လာမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် နည်းပြဆရာများ၏ လေ့ကျင့်သင်ကြားပြသမှုများကို  ကြိုးစားလိုက်နာ လုပ်ဆောင်သွားကြရန်နှင့် သင်တန်းချမှတ်ထားသော စည်းကမ်းချက်များကိုလည်း လိုက်နာဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း၊ လူငယ် များအနေဖြင့် သင်တန်းပြီးဆုံးသည်အထိ တက်ရောက်သင်ကြားသွားကြရန်၊ သင်တန်းကို တာဝန်ယူဖွင့်လှစ် သင်ကြားပေးသည့်ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းနည်းပြဆရာများအနေဖြင့်လည်း သင်တန်းအစမှအဆုံး အောင်မြင်ချောမောစွာ ဖွင့်လှစ်သင်ကြားနိုင်အောင် စီမံဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က  သင်တန်းများဖွင့်လှစ်မည့်အခြေအနေများအား ရှင်းလင်းတင်ပြပြီးတက်ရောက်လာသော ဧည့်သည်တော်များအား Fitness Dance အကဖြင့် ဖျော်ဖြေတင်ဆက်သည်။

သင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ကရာတေးဒို၊ ဂျူဒို၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ စားပွဲတင် တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ တင်းနစ်အစရှိသည့် အဆင့်မြင့် အားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ယဉ်ကျေးလိမ္မာသင်တန်း၊ အခြေခံအင်္ဂလိပ်စကားပြောသင်တန်း၊ ပန်းချီသင်တန်း၊ ဂီတသင်တန်း၊ ဘင်ခရာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ မုန့်လုပ်နည်းသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်း၊ ဆန်းကြယ်သီး ပြုလုပ်နည်းသင်တန်း၊ ဗီဒီယိုတည်းဖြတ်နည်းသင်တန်း၊ အခမ်းအနားမှူးသင်တန်း၊ ရှေးဦးပြုစုခြင်း သင်တန်း၊ Healthy Life Style သင်တန်း၊ ရေကြောင်းလူငယ်သင်တန်း၊ လေကြောင်းလူငယ်သင်တန်းများကို ဧပြီလ (၂၂)ရက်နေ့မှမေလ(၂၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)