သာစည် ၊ ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ပူပြင်းသောနွေရာသီကာလတွင် ရေလိုအပ်သည့် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များသို့ မြို့နယ်မီးသတ်ဦးစီးဌာနက အခမဲ့ရေလှူဒါန်းပေးလျက်ရှိရာ ဧပြီ ၂၂ ရက်က အမှတ်(၆)ရပ်ကွက် သာယာကုန်း ဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၁)ရပ်ကွက်ရှိ စန္ဒရံသီ သီလရှင်စာသင်တိုက်သို့ ရေလှူဒါန်းပေးခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးမှူးဦးထွန်းထွန်းဝင်းထံက သိရသည်။
“ဒီနေ့တော့ ရေလှူတာ နှစ်နေရာရှိပါတယ်။ မနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းနဲ့ နေ့လယ်ပိုင်းမှာတော့ သီလရှင်စာသင်တိုက်ကိုပါ။ ကျွန်တော်တို့အရင်ရက်တွေကတော့ ဆက်သွယ်လာတဲ့တစ်နေရာလောက်ပဲ လှူပေးဖြစ်ပါတယ်။ လိုအပ်လို့ ဆက်သွယ်လာရင် တစ်နေ့ကို မြို့ပေါ်ဆိုသုံးကြိမ် လောက်နဲ့ကျေးရွာတွေဆိုရင်တော့ တစ်ကြိမ်သွား ရောက်လှူဒါန်းပေးနိုင်မှာဖြစ်ပါတယ်။ ရေကတော့ ဂါလံ ၁၂၀၀ ဆံ့ရေသယ်ယာဉ်နဲ့သွားရောက်လှူဒါန်းပေးပါတယ်။ ကျွန်တော်တို့ မီးသတ်ဦးစီးဌာနအနေနဲ့ နွေရာသီကာလမှာ ရေအခက်အခဲရှိတဲ့ကျေးရွာတွေနဲ့ဘုန်းတော်ကြီးကျောင်းတွေကို ရေလှူဒါန်းပေးနိုင်ဖို့ ဆောင်ရွက်ထားပြီး ရေအခက်အခဲရှိပါက ဖုန်း ၀၆၄၂၀၆၉၁၃၁ နှင့်အရေးပေါ် ဖုန်း ၁၉၁ သို့ဆက်သွယ်နိုင်ကြောင်း” ၎င်းထံက သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment