မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်




မိုင်းနောင် ၊  ဧပြီ ၂၃


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယမန်နေ့နံနက်(၉) နာရီအချိန်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


မိဘပင်စင်စားများအား လစဥ်ပုံမှန်(၂၁)ရက်နေ့တွင် ပင်စင်လစာများ အဆင်ပြေချောမွေ့စွာထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိဝန်ထမ်းများနှင့် ကျန်းမာရေး၀န်ထမ်းများသည် ပင်စင်ထုတ်ရက်မတိုင်မီ စာရင်းဇယားများကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားပြီးအချိန် ကြန့်ကြာမှုမရှိအောင် စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။


မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာများထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ လစဉ်ပုံမှန်ဆောင်ရွက်ပေးမည်ကြောင်း သိရှိရပါသည်။


မနန်း(မိုင်းနောင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)