ရွှေတောင် ၊ ဧပြီ ၃၀
ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား
အသက် (၂၅)နှစ်အောက်အမျိုးသား/ အမျိုးသမီး၊ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁း၀၀)နာရီ အချိန်က ရွှေတောင်မြို့နယ် အားကစားခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်၊ မြန်မာဘော်လီဘောလူမှုရေးအသင်း ဥက္ကဌ ဦးရဲနိုင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရွှေတောင်(ခ)အသင်းနှင့် သကြားစက် အသင်းတို့ ယှဉ်ပြိုင်ကစားမှုအားလည်းကောင်း၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရွှေတောင် (က) အသင်း နှင့် ပေါက်ခေါင်း (ခ) အသင်းတို့၏ ယှဉ်ပြိုင်မှုအားလည်းကောင်း၊ အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပေါက်ခေါင်းမြို့နယ်အသင်းနှင့် မင်းလှမြို့နယ် အသင်းတို့၏ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ အသက် (၂၅)နှစ်အောက်အမျိုးသား/ အမျိုးသမီး၊ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလီဘောပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက်ပေးကြသော ဒိုင်လူကြီးအဖွဲ့ (၁၀)ဦးအား မြန်မာဘော်လီဘော လူမှုရေးအသင်း ဥက္ကဌ ဦးရဲနိုင် နှင့် Dragon One ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ချီးမြှင့်ခဲ့ပြီး အသက် (၂၅)နှစ်အောက်အမျိုးသား/ အမျိုးသမီး၊ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလီဘောပြိုင်ပွဲတွင်အကောင်းဆုံးဆုရရှိသည့် အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ခဲ့ သည်။
ဆက်လက်ပြီး အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရွှေတောင် (ခ)အသင်းကို တစ်ဦးချင်းဆုတံဆိပ်များအား မြန်မာဘော်လီဘောလူမှုရေးအသင်း၊ ဒု-ဥက္ကဌ(၂) ဒေါ်ဖြိုးဖြိုးမော် က လည်း ကောင်း၊ ပထမဆုငွေသား(၈)သိန်းကျပ်အား မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင် ဒေါ်သူဇာတင်က လည်းကောင်း ၊ ပထမဆု ဖလားကြီးအား မြန်မာဘော်လီဘောလူမှုရေးအသင်း၊ အမှုဆောင် ဒေါ်ဂျနီဖာတင်လေး ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အသက်(၁၈)နှစ်အောက်အမျိုးသား ဘောလီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပေါက်ခေါင်း (ခ)အသင်းကို တစ်ဦးချင်းဆုတံဆိပ်များအား မြန်မာဘော်လီဘောလူမှုရေးအသင်း၊ အတွင်းရေးမှူး ဦးဇော်လွင်ဦး က လည်းကောင်း၊ ပထမဆု ငွေသား (၁၂)သိန်းကျပ်အား မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင် ဦးထွန်းတင်ကလည်းကောင်း ၊ ပထမဆု ဖလားကြီးအား မြန်မာဘော်လီဘောလူမှုရေးအသင်း၊ ဥက္ကဌ ဦးရဲနိုင် ကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပေါက်ခေါင်းမြို့နယ် အသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့် ပထမဆု ငွေသား (၁၂)သိန်းကျပ်အား ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်ကလည်းကောင်း ၊ ပထမဆု ဖလားကြီးအား ပဲခူးတိုင်းဒေသကြီး ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သည်။
အဆိုပါ မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက် (၂၅)နှစ်အောက်အမျိုးသား/ အမျိုးသမီး၊ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလီဘောပြိုင်ပွဲကို ဧပြီလ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျင်းပခြင်းဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ဘော်လီဘော အသင်း (၁၈)သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment