မြန်အောင် ၊ ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် မြန်အောင်မြို့ ကြာနီကန်ကျောင်းတိုက် ပဓာနနာယက, နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဒေါက်တာဘဒ္ဒန္တဣန္ဒာသဘ တိပိဋက ဒီဃဘာဏက ဒီဃနကာယကောဝိဒ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ပိဋကတ်တစ်ပုံဆောင်(အာဂုံ) ပိဋကတ်တစ်ပုံဆောင် (ရေးဖြေ) သာသနဓဇဓမ္မစရိယ အရှင်သူမြတ်၏ (၇၅) နှစ်ပြည့် စိန်ရတု ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာနှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ မုံရွာပရိယတ္တိစာသင်တိုက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်ဖွင့်လှစ်၍ “ဝင့်သဥ္ဇာစတင်း” ဆိုင်းအဖွဲ့ မှ သီဆိုပူဇော်သည်။ မြန်အောင်မြို့နယ် ဩဝါဒစရိယ ဆရာတော် ပန်းညိုကွင်းကျောင်း ဆရာတော် ဘုရားမှ ငါးပါးသီလချီးမြင့်ခဲ့သည်။ ဆက်လက်၍ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဒေါက်တာဘဒ္ဒန္တဣန္ဒာသဘ၏ ထေရုပ္ပတ္တိအကျဉ်းအား မုံရွာ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်မှ ဖတ်ကြားပူဇော်၍ ဆရာတော်ဘုရားကြီးအား မြန်အောင်မြို့ လေးမျက်နှာမဟာစည် သာသနာ့ရိပ်သာ ဆရာတော်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ သာသနာ့ဓဇ ဓမ္မာစရိယဘဒ္ဒန္တဝရဉာဏဆရာတော်၊ ကြံခင်းမြို့ လယ်ပြင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တဥတ္တရာနန္နဆရာတော်တို့မှ ရေးသားပူဇော်သော ထုတိဝေဒလ္လရစနာဂါထာများ၊ ထပ်တွန့်ရှစ်ဆယ်ပေါ်တေးထပ်၊ ဧကပိုဒ်ရတုအား “ဝင့်သဥ္ဇာ စတင်း” ဆိုင်းအဖွဲ့ မှ သီဆိုပူဇော်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် ဇနီးတို့က မြန်အောင်မြို့ ကြာနီကန်ကျောင်းတိုက်ဆရာတော်ဒေါက်တာဘဒ္ဒန္တဣန္ဒာသဘအား အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ထပ်ဆင့်ဆပ်ကပ် လှုဒါန်း ခဲ့ကြသည်။ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းက ဆရာတော်အား လှူဖွယ်ဝတ္တုပစ္စည်းများဆပ်ကပ်လှုဒါန်းခဲ့ပြီးကြာနီကန်ကျောင်းတိုက်ဆရာတော်ဒေါက်တာဘဒ္ဒန္တဣန္ဒာသဘအား ဟင်ဒီစာသင်ပေးခဲ့သော မြန်အောင်မြို့ အင်းဝလမ်းမှ ဟင်ဒီဆရာ ဦးကျော်ဆွေအားကြာနီကန်ဆရာတော်မှနဝကမ္မဝတ္တု ငွေငါးသိန်းကျပ်ပေးအပ်လှုဒါန်းခဲ့ပြီး ကျေးဇူးတင်ဝမ်းမြောက်စကားနှင့် ဩဝါဒစကားမိန့်ကြားခဲ့သည်။ ဆက်လက်၍အခမ်းအနားတွင် မြန်အောင်မြို့ မုံရွာပရိယတ္တိစာသင်တိုက် ဆရာစဉ်ဆက် တပည့် သံဃာအားလုံးတို့၏ ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ် ဝါးတစ်ရာ ကျောင်းတိုက် ပဓာနနာယက ဆရာတော် သာသနဓဇဓမ္မာစရိယ၊ ဥဘတောဝိဘင်္ဂဓရ၊ ဘဒ္ဒန္တမေဓာနန္ဒ က ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားလျောက်ထားပြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ပူဇော်ပွဲနှင့် (၇၅) နှစ်ပြည့် စိန်ရတု ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာပွဲတွင် လှုဒါန်းမှု အစုစုတို့ကို ရေစက်ချ အနုမောဓနာ တရားဟောကြားချီးမြှင့်ခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ်
https://t.me/MyanmarNationalPost
No comments:
Post a Comment