CGCC “Belt and Road Scholarship-Myanmar” Spring Tea Reception သို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

CGCC “Belt and Road Scholarship-Myanmar” Spring Tea Reception သို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်



ဟောင်ကောင်၊ ဧပြီ ၂၃

Chinese General Chamber of Commerce, Hong Kong (CGCC) မှ ကြီးမှူးကျင်းပသည့် CGCC “Belt and Road Scholarship -  Myanmar” Spring Tea Reception ကို ၂၂-၄-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့ရာ ဟောင်ကောင်ဒေသအခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင် တက်ရောက်ခဲ့သည်။ 

အခမ်းအနားသို့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ပညာရေးဝန်ကြီးဌာန (Education Bureau of Hong Kong SAR) မှ Permanent Secretary, Ms. Michelle Li, CGCC မှ Chairman, Dr. Jonathan CHOI, Vice-Chariman, Mr. TSE Yung-hoi, CGCC မှ တာဝန်ရှိသူများ၊ Belt and Road Scholarship ပညာသင်ဆုရရှိသူ မြန်မာနိုင်ငံမှ ပညာတော်သင် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ 

မြန်မာကောင်စစ်ဝန်ချုပ်မှ အမှာစကားပြောကြားရာတွင် ဆယ်စုနှစ်တစ်ခုကို ကျော်လွန်၍ ဒုတိယဆယ်စုနှစ်အတွင်း ရောက်ရှိလာသည့် Belt and Road Initiative သည် နိုင်ငံများအကြား စီးပွားရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ကဏ္ဍတို့အပြင် ယဉ်ကျေးမှုကဏ္ဍ၊ ပြည်သူချင်း ချိတ်ဆက်ဖလှယ်ရေးကဏ္ဍနှင့် အခြားသော ကဏ္ဍများတွင်ပါ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အင်အားတစ်ရပ်အဖြစ် ရပ်တည်နေကြောင်း၊ ပညာသင်ဆု ရရှိကြသူများအနေဖြင့် သက်ဆိုင်ရာ ပညာရပ်နယ်ပယ်များတွင် ထူးချွန်အောင် ကြိုးစားကြရန် တိုက်တွန်းပါကြောင်း၊ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ဟောင်ကောင်ဒေသတို့ အကြား ပြည်သူချင်း ဆက်ဆံရေးနှင့် ကဏ္ဍအသီးသီးတွင် ရင်းနှီးမှု၊ နားလည်မှု၊ ချိတ်ဆက် ဖလှယ်မှု တိုးတက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ပညာရေးဌာန တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ မူဘောင်အောက်တွင် ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်ရန် မျှော်လင့်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ဆုပေးအပ်သည့် Belt and Road Scholarship Scheme ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စတင်ခဲ့ပြီး ယခုပညာသင်နှစ်၌ မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူ (၁၀) ဦးကို ပညာသင်ဆု ပေးအပ်ထားကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)