ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ဦးဆောင်၍ အာဆီယံ-ကိုရီးယားဗဟိုဌာန၏ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော H.E. Kim Hae-yong အား နှုတ်ဆက်သည့် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ဦးဆောင်၍ အာဆီယံ-ကိုရီးယားဗဟိုဌာန၏ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော H.E. Kim Hae-yong အား နှုတ်ဆက်သည့် အခမ်းအနားကျင်းပ




ဆိုးလ်၊ ဧပြီ ၂၃

အာဆီယံကော်မတီ (ဆိုးလ်) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က ဦးဆောင်၍ အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre- AKC) ၏ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော H.E. Kim Hae-yong အား နှုတ်ဆက်သည့် အခမ်းအနားကို ဆိုးလ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီးများနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည်။ 

အခမ်းအနားတွင် မြန်မာသံအမတ်ကြီးက အတွင်းရေးမှူးချုပ် H.E. Kim Hae-yong ၏ AKC တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများအပေါ် ဂုဏ်ပြု စကားများပြောကြားခဲ့ပြီး၊ အတွင်းရေးမှူးချုပ် H.E. Kim Hae-yong ၏ ဦးဆောင်မှုအောက်တွင် အာဆီယံကော်မတီ (ဆိုးလ်) နှင့်အတူ လက်တွဲပူးပေါင်း၍ အာဆီယံ-ကိုရီးယား ဆက်ဆံရေးကို မြှင့်တင်နိုင်ရန် AKC ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို  ကျေးဇူးတင်ရှိကြောင်းနှင့် အနာဂတ် အတွက် ဆုတောင်းစကားများ ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့သည်။ 

အတွင်းရေးမှူးချုပ် H.E. Kim Hae-yong ကလည်း အာဆီယံကော်မတီ (ဆိုးလ်) မှ  AKC အပေါ်ကို အထောက်အပံ့ကောင်းများ ပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ယခုနှစ် သည် ကိုရီးယားနှင့် အာဆီယံတို့အကြားအရေးပါသည့်နှစ်တစ်နှစ်ဖြစ်သဖြင့် အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့် လုပ်ဆောင်သွားရန်တို့ကို တိုက်တွန်းပြောကြားခဲ့ကြောင်း  သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)