ကျွန်းလှမြို့နယ်ရုံး၌ စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ်ရုံး၌ စာဖတ်ဝိုင်းကျင်းပ

 



ကျွန်းလှ ၊  ဧပြီ  ၂၈


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် “အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။


စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဦးဖိုးချိုက စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ရှိခြင်း၊ အသိပညာဗဟုသုတရရှိခြင်း၊ အချင်းချင်းချစ်ခင်ရင်းနှီးမှုရှိခြင်း၊ စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် စာအုပ်စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာဖေဖြင့်ရေးသားသော “အပြောင် မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း” စာအုပ်မှ “ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်တတ်ခြင်း” ခေါင်းစဉ်အား ဖတ်ကြားကြပြီး အပြန်အလှန်ဆွေးနွေးကြသည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


မျိုးဝင်းညို ကျွန်းလှ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)