ကျွန်းလှ ၊ ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ တပ်ကုန်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (တိုင်းဒေသကြီး) အထွေထွေပိုလျှံရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိ ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကုန်ထုန်လမ်း အရှည် ၅၂၈၀ ပေ၊ အကျယ် ၁၂ ပေနှင့် အုတ်ရိုးစီတံတားတစ်စင်း၊ BOX Culvert တံတားတစ်စင်းတို့ကို ခွင့်ပြုငွေကျပ် ၉၃ ဒသမ ၇၁၂ သန်းဖြင့် တင်ဒါအောင် တော်ဝင်ဇူလီယန်ကုမ္ပဏီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကုန်ထုတ်လမ်းနှင့် တံတားများ ဆောင်ရွက်နေခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးသိဏ်းမောင်နှင့် ဝန်ထမ်းများက စံချိန်စံညွှန်းနှင့် အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး ကွင်းဆင်းကြီးကြပ်လျက်ရှိသည်။
ကျွန်းလှမြို့နယ်၊ တပ်ကုန်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းဖြင့် ဒေသခံတောင်သူ (၁၅၀) ဦး၏ လယ်ယာမြေမှ ထွက်ရှိသော သီးနှံများ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ
https://t.me/MyanmarNationalPost


No comments:
Post a Comment