မိုင်းယုမြို့၌ မူကြိုကလေးငယ်များအား မူကြိုသင်ယူပြီးမြောက်ကြောင်း ဘွဲ့လက်မှတ်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့၌ မူကြိုကလေးငယ်များအား မူကြိုသင်ယူပြီးမြောက်ကြောင်း ဘွဲ့လက်မှတ်ပေးအပ်



မိုင်းယု ၊  ဧပြီ  ၂၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မူကြိုကလေးငယ်များအား မူလတန်းကြိုကျောင်း သင်ယူပြီးမြောက်ကြောင်း မူကြိုဘွဲ့လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ ရင်သွေးရတနာ ပုဂ္ဂလိကမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရင်သွေးရတနာ ပုဂ္ဂလိကမူလတန်းကြိုကျောင်းမှ ဆရာမ နန်းကျဲန်ရှဲန်က မူကြိုကျောင်း ရေရှည်တည်တံ့နိုင်ရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီ ဆောင်ရွက်ပေးကြသည့် ကျောင်းသားမိဘများ၊ လက်တွဲလုပ်ကိုင်ကြသည့် ဆရာ/ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူတို့ကို ဝမ်းသာပိတိ ရင်တွင်းစကားပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်တွင် KG တန်းသို့ တက်ရောက်ကြမည့် မူကြို ကလေးငယ်များကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ မူကြိုသင်ယူပြီးမြောက်ကြောင်း မူကြိုဘွဲ့ လက်မှတ်များ၊ ကျောင်းအတွင်း ဘက်စုံထူးချွန်ဆုများနှင့် ဆရာ/ဆရာမများ ဘက်စုံကြိုးပမ်း ဆောင်ရွက်နိုင်မှုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာကြသည့် မူကြို ကျောင်းသားမိဘများ၏ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)