ကျိုက်လတ် ၊ ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရေယာဉ်စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် ရေယာဉ်များအား ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကြပ်မတ်စိစစ်စစ်ဆေးလျက်ရှိသည်။
ထိုသို့ စစ်ဆေးရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စားသုံးသူရေးရာဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ အဖွဲ့ဝင်များသည် ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့နယ်သို့ အမ်ဗွီ-မြမြမွန် ရေယာဉ်ဖြင့် ဧည့်မထဆန်အိတ်များ သယ်ယူပို့ဆောင်မှုအား စစ်ဆေးခဲ့ပြီး လိုင်စင်ရှိ/မရှိ၊ လိုင်စင်သက်တမ်းကုန်ပါက သက်တမ်းတိုးဆောင်ရွက်ရန်၊ တရား မဝင်ကုန်စည်များ သယ်ယူပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ ရေယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားပြီး ကြပ်မတ်စိစစ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment