ပေါင်မြို့နယ်၌အခြေခံဘင်ခရာသင်တန်း (၂/၂၀၂၄)နှင့်အခြေခံရှေးဦးပြုစုခြင်းသင်တန်း ဆင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌အခြေခံဘင်ခရာသင်တန်း (၂/၂၀၂၄)နှင့်အခြေခံရှေးဦးပြုစုခြင်းသင်တန်း ဆင်းပွဲပြုလုပ်





ပေါင်    ၊     ဧပြီ   ၂၉


မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၌အခြေခံဘင်ခရာသင်တန်း (၂/၂၀၂၄)နှင့်အခြေခံရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲကိုယနေ့နံနက် ( ၁၀ ) နာရီက  (အထက) ဇင်းကျိုက်  ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြည်နယ်ကြက်ခြေနီသူနာပြုပြည်နယ်တပ်ဖွဲ့မှူးဦးကျော်မြင့် က ရှေးဦးပြုစုခြင်းဘာသာရပ်ဆိုတာ ယခင်ကတစ်အိမ်လျှင်တစ်ယောက်တတ်မြောက်ထားရမည်ဖြစ်ပါကြောင်း၊ယခုအချိန်တွင်လူတိုင်းတတ်

မြောက်ရမည်ဖြစ်သည့်အတွက်လူတိုင်းတတ်မြောက်အောင်သင်ကြားကြဖို့လိုအပ်ပါကြောင်းအမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်  က ဘင်ခရာသင်တန်းများဖွင့်လှစ်ခြင်းဖြင့် လူငယ်တွေအနေဖြင့် အတွေးအခေါ်မြင့်မားလာမည်ဖြစ်ပါကြောင်း  ရှေးဦးပြုစုခြင်းသင်တန်းကိုတက်မြောက်ခြင်းဖြင့် လူပေါင်းများစွာ၏အသက်ကိုကယ်နိုင်မည်ဖြစ်ပါကြောင်း ၊လူတိုင်းမတတ်သည့်တိုင် တစ်အိမ်လျှင် တစ်ဦးလောက်တော့ တတ်သိနားလည်ထားရမည်ဖြစ်ပါကြောင်းအမှာစကားပြောကြားသည်။

ထို့နောက် ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးအောင်မင်းနိုင် ကရှေးဦးပြုခြင်းတက်မြောက်ထားသည့်အတွက်  မတော်တစ်ဆဖြစ်ပွားသည့်ဒဏ်ရာများပြားခြင်း၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာ၍အရေးပေါ်အခြေအနေများတွင် ရှေးဦးပြုခြင်းပညာဖြင့်  အသုံးချ၍သက်ဆိုင်ရာ ဆေးရုံ၊ဆေးခန်းသို့ အချိန်မီရောက်ရှိအောင်ဆောင်ရွက်နိုင်ပါကြောင်းပြောကြားခဲ့သည်။ 

( အထက )ဇင်းကျိုက်ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဌေးက ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့သည့် သင်တန်းသား၊သင်တန်းသူများအား ဆုများနှင့်သင်တန်းဆင်းလက်မှတ်များကိုတာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)