ရှမ်းပြည်(မြောက်ပိုင်း) လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များကြားက နယ်မြေလုမှု ပြဿနာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်(မြောက်ပိုင်း) လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များကြားက နယ်မြေလုမှု ပြဿနာ

 


ရှမ်းပြည်(မြောက်ပိုင်း)မှာ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြတဲ့ KIA, MNDAA, TNLA, AA အစရှိသော လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေကြားမှာ ယခုရက်ပိုင်းအတွင်း နေရာလုမှု ပြဿနာတွေ ထွက်ပေါ်လာတာကို ကြားသိရပါတယ်။

AA ကတော့ ရခိုင်ပြည်နယ်မှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ်ဆိုတဲ့ အိမ်မက်ဆိုးနဲ့အတူ ဒေသခံပြည်သူတွေကို အတိဒုက္ခရောက်အောင် လုပ်နေသလို လူမျိုးရေး ပဋိပက္ခတွေလည်း ဖန်တီးနေပါတယ်။ ရှမ်းမြောက်ဒေသမှ AA က နေရာမလုပါဘူး။ KIA ထံမှာ တပည့်ခံပြီး တည်ဆောက်ခဲ့ရတဲ့ AA ဟာ အခုဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ပွဲတွေ ဖန်တီးနေနိုင်ပြီဖြစ်လို့ အတော်ကို ဂုဏ်ယူဝမ်းမြောက်နေမယ့် သဘောရှိပါတယ်။ 

ရှမ်းမြောက်ဒေသ နယ်မြေလုမှုပြဿနာမှာတော့ မဟာမိတ်ဟောင်းကြီးတွေ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေကို အတူတကွ လုပ်ဆောင်ခဲ့ကြဖူးတဲ့ KIA, MNDAA, TNLA တို့ပဲ ဖြစ်ပါတယ်။

ရက်သတ္တပတ်အတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာ TNLA က KIA တပ်ဖွဲ့ဝင်တချို့ကို နေရာရွှေ့ပြောင်းခိုင်းတာမျိုး ကြားသိရပါတယ်။ နောက်တစ်ခါ MNDAA အဖွဲ့ကလည်း မုံးကိုးမှာ ဖွင့်လှစ်ထားတဲ့ KIA ရုံးကို ပိတ်ခိုင်းတာမျိုးအထိ လုပ်ဆောင်လာပါတယ်။

KIA ခေါင်းဆောင် ဂွမ်မော်အနေနဲ့ သူ့ရဲ့ မဟာမိတ်တွေအပေါ် အလွန်အမင်း ဒေါသထွက်ပြီး ခွေးနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့တာမျိုးလည်း ရှိပါတယ်။

ပဲလှော်ကြား ဆားညပ်ဆိုသလို နီပိန်း ပဒက် PDF အကြမ်းဖက်အုပ်စုကတော့ ဘယ်အဖွဲ့က ဘယ်လိုရည်ရွယ်ချက်နဲ့ တိုက်နေတယ်ဆိုတာ မသိဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်လာခြင်းဟာ သူတို့ကို ဝိုင်းကူတိုက်ပေးတယ်လို့ ထင်ပြီး KIA လက်အောက်က ပဒက်တွေကလည်း တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ အသေခံ တိုက်တော့တာပဲ။ ရှမ်းမြောက် ၃ဖွဲ့တိုက်တဲ့ အထဲလည်း သူတို့သွားပါလိုက်ကြသေးတာပဲ။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြား နယ်မြေလုမှု ပြဿနာတွေ ပေါ်ပေါက်လာပြီဆိုတော့ နီပိန်း ပဒက်တွေ ဘယ်သူ့ထံ သစ္စာခံကြမလဲ။ KIA ထံမှာပဲ ဆက်ပြီး သစ္စာခံမှာလား။ MNDAA နဲ့ သွားပေါင်းအုံးမှာလား။ TNLA နဲ့ ပူးပေါင်းတိုက်ခိုက်မှာလား။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တိကျသေချာတဲ့ ရည်ရွယ်ချက်ရှိတယ်။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့မှာ တိုင်းဖျက် ပြည်ဖျက် လုပ်ဖို့ကလွဲပြီး တိကျသေချာတဲ့ ရည်ရွယ်ချက် ဘာမှမရှိဘူး။ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများက ပေးတဲ့ အထောက်အပံ့ကို ယူမယ်။ တိုင်းဖျက် ပြည်ဖျက် လုပ်မယ်။ နိုင်ငံရေးလုပ်စားတဲ့ အဆင့်ပဲ ရှိတယ်။ တိုင်းပြည် ပြည်ပြု မျှော်လင့်ချက် မရှိဘူး။ ပြည်ပြေး ဝရမ်းပြေး ဝါးတားတား NUG ရဲ့ လက်ပါးစေ ပဒက်တွေမှာလည်း လမ်းပျောက်ပြီး ဘုံကျွန်သဖွယ် ဖြစ်လာခဲ့ရတယ်။

စာရေးသူ တစ်ဦးတစ်ယောက်ရဲ့ အမြင် - 

KIA, MNDAA, AA နယ်မြေ လုကြပါစေ။ နယ်မြေလုပွဲ ဆင်နွှဲကြပါစေ။ သူတို့အချင်းချင်း ဖြစ်တဲ့အခါကြတော့ တစ်ယောက်အကြောင်း တစ်ယောက်သိနေကြပြီး ဖြစ်လို့ သူတို့တွေရဲ့ သရုပ်မှန်ကို အများပြည်သူ ပိုပြီး သိရှိလာမယ်။ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများကို အတိဒုက္ခရောက်အောင် လုပ်ခဲ့ကြသူတွေ၊ ဘာသာရေးစော်ကားမှုတွေကို ရည်ရွယ်ချက်ရှိရှိ မျက်နှာပြောင်တိုက် လုပ်ဆောင်ခဲ့သူတွေ နယ်မြေလုပွဲများ ဆင်နွှဲရင်းက တူသောအကျိုးကို ရပါစေ။ 

တကယ်တော့ အစိုးရက သဘောကောင်းလို့ပါ။ အများပြည်သူလည်း တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ လုပ်စားနေသူတွေရဲ့ သဘောကို သိမြင်နားလည်လာကြပါပြီ။ တပ်မတော်ကသာ ဒီအဖွဲ့တွေကို ကြူပင်ခုတ် ကြူငုတ်မကျန် ရှင်းမယ်ဆိုရင်လည်း ပြည်သူများက တခဲနက် ထောက်ခံအားပေးကြမှာ ဖြစ်ပါတယ်။ လူရမ်းကားတွေကို အရာသွင်းပြီး ငြိမ်းချမ်းရေးတည်ဆောက်လို့ မရဘူးဆိုတာကိုလည်း ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကာလတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာတွေက သက်သေခံနေပါတယ်။

သူတို့ အင်အားချိနဲ့ချိန်မှာ ဟုတ်တော့မလိုလိုနဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လာတယ်။ တစ်ဖက်မှာ အင်အားတည်ဆောက်နေတယ်။ အခွင့်အရေးရပြီ ဆိုတာနဲ့ ဘယ်လို သဘောတူညီချက်မျိုးကိုမှ ထည့်သွင်းမစဉ်းစားဘဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပြန်တယ်။ ဒီလိုလူတွေနဲ့ ဘယ်လိုမှ ငြိမ်းချမ်းရေး တည်ဆောက်လို့ မရနိုင်ပါဘူး။ 

သို့သော် တပ်မတော်ဘက်က ချုပ်ဆိုထားတဲ့ စာချုပ်တွေ၊ သဘောတူညီမှု ရရှိထားတဲ့အချက်တွေကို အလေးထားပြီးတော့ပဲ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အချင်းချင်း နယ်မြေလုရင်းက သူတို့ အင်အားပြုန်းတီးမှ အသိတရားရမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ လုကြပါစေလေ။ ပဒက်တွေ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲသလိုပါပဲ။ တစ်လလောက် မြို့ကို စီးထားနိုင်တာကို မြို့သိမ်းတိုက်ပွဲလို့ ဂုဏ်ဆာသလိုပဲ တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်း နယ်မြေလုတာလည်း လုတာပဲ ရှိမှာဖြစ်ပြီး သေကျေပျက်စီးဆုံးရှုံးမှုနဲ့သာ နိဂုံးချုပ်ရမှာ ဖြစ်ပါတယ်။ 


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)