တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများ သတိပြု ဆောင်ရွက်နိုင်ပါရန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများ သတိပြု ဆောင်ရွက်နိုင်ပါရန်




နီပိန်းတွေရဲ့ ရက်စက်ယုတ်မာမှုတွေကတော့ လျော့ကျသွားခြင်းမျိုးမရှိဘဲ ဆင့်ကဲ ဆင့်ကဲယုတ်မာရိုင်းစိုင်းလာနေတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

သင်္ကြန်တွင်းလို ကာလမျိုးမှာ မန္တလေးမြို့က ရေကစားမဏ္ဍပ်အနီး မိုင်းခွဲတိုက်ခိုက်တာ၊ ပြင်ဦးလွင်မြို့ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်လို့ သံဃာတော် ၂ပါး ပျံလွန်တော်မူခဲ့ရပြီး ပြည်သူ ၂ဦး သေဆုံးခဲ့ရပါတယ်။ ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

(၁၈-၄-၂၀၂၄) ရက်နေ့ကလည်း ပေါက်မြို့နယ်အတွင်းမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ Drop Bomb ပစ်ချတိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နီပိန်းတွေ လက်ထဲမှာ လက်နက်ခဲယမ်း ရှိနေသ၍ အကြမ်းဖက်လှုပ်ရှားမှုက လျော့ကျသွားဖို့ မရှိပါဘူး။

အကြမ်းဖက်နှိမ်နင်းရေးအပိုင်းမှာက ဝေဖန် ထောက်ပြစရာတွေ အများကြီး ရှိနေပါတယ်။ တချို့သော အရာရှိများက ရဲဘော်ရဲဘက် စိတ်ဓာတ်နဲ့ ကိုယ့်တပ်ဖွဲ့ဝင်တွေအပေါ် ဂရုစိုက်တယ်။ ယမန်နေ့က ပေါက်မြို့နယ်အတွင်းက ဖြစ်စဉ်မှာဆိုရင် ထိခိုက်ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်တွေကို အချိန်နဲ့တပြေးညီ ခေါ်ထုတ်ပြီး ဆေးကုသမှု ဆောင်ရွက်ပေးရမှာ ဖြစ်သော်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတာကို မသိကြတော့တာလား။ သူ့အကြောင်းနဲ့သူ ဖြစ်ချင်ရာဖြစ်ဆိုတဲ့ သဘောတွေလား။ မလုပ်သင့်ပါဘူး။ အားလုံးဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်နေကြတာဖြစ်တဲ့အတွက် ရဲဘော်ရဲဘက်စိတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာတွေက ကျွန်တော်တို့တွေ ထောက်ပြပြောဆိုစရာ မလိုဘဲ လုပ်ကို လုပ်ရမယ့် အလုပ်တွေဖြစ်ပါတယ်။

နီပိန်းတွေက (၃)နှစ်ကျော်ကြာကာလ လက်နက်ကိုင်ပြီး အကြမ်းဖက်နေတယ်။ အကြမ်းဖက်နှိမ်နင်းရေးက မြွေမသေ တုတ်မကျိုး ပုံစံမျိုး မြင်တွေ့နေရတယ်။ အကြမ်းဖက်အုပ်စုများနဲ့ ရင်ဆိုင်ရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အပြစ်မဲ့ ပြည်သူများမှာ ကူရာမဲ့ ကယ်ရာမဲ့ ဘဝမျိုး ဖြစ်ခဲ့ကြရတယ်။

ဒီပုံစံအတိုင်းဆိုရင် နီပိန်းများဖြစ်တဲ့ CRPH, NUG, PDF နဲ့အတူ KNU, KIA, KNDF, KNLA, CDF အစရှိသော ပြည်ဖျက်မိစ္ဆာအကြမ်းဖက်အဖွဲ့များရဲ့ လက်ချက်နဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ ထိခိုက်သေဆုံး၊ အတိဒုက္ခရောက်ရတဲ့ ဖြစ်စဉ် ဖြစ်ရပ် အနိဋ္ဌာရုံတွေ မြင်တွေ့နေကြရအုံးမှာ ဖြစ်ပါတယ်။

နီပိန်း အကြမ်းဖက်သမားဆိုတာ ပြည်ပက ဝင်လာတာ မဟုတ်ပါဘူး။ ပြည်ပအထောက်အပံ့နဲ့ ကိုယ့်ပြည်သူအချင်းချင်းအပေါ်မှာ ယုတ်မာရိုင်းစိုင်းနေတဲ့ ခင်ဗျားတို့/ ကျွန်တော်တို့ရဲ့ ကျေးရွာ၊ ရပ်ကွက်ထဲက နီပိန်းတွေဟာ KNU, KIA အကြမ်းဖက်သောင်းကျန်းသူများထံမှာ တပည့်ခံပြီး ကိုယ့်မြို့ ကိုယ့်ရွာကို ပြန်လည်ဖျက်ဆီးနေတဲ့ အကြမ်းဖက်သမားများပဲ ဖြစ်ပါတယ်။

နီပိန်း အကြမ်းဖက်သမားများကတော့ သူတို့ကို ထောက်ခံအားပေးခြင်းမရှိတဲ့ ရဟန်းရှင်လူ ပြည်သူ မည်သူ့ကိုမဆို အကြမ်းဖက်တယ်၊ အနုကြမ်းစီးတယ်၊ သတ်တယ်။ သူတို့ စိတ်ရှိလက်ရှိ ယုတ်မာပြီးရင် ပျူစောထီးမို့လို့၊ ဒလန်မို့လို့ သတ်ပါတယ်လို့ ခေါင်းစဉ်တပ်ပြီး သတင်းပါ ဖြန့်ဝေသေးတယ်။

ဒီလုပ်ရပ်တွေကို ထောက်ရှုဆင်ခြင်ပါ။ မိမိတို့ ကျေးရွာ၊ ရပ်ကွက်အတွင်းက နီပိန်းတွေ ကာလရှည်ကြာ ပျောက်နေရင် အကြမ်းဖက်အဖွဲ့ထဲ ရောက်နေဖို့ (၉၀)ရာခိုင်နှုန်း သေချာပါတယ်။ အဲဒီ နီပိန်းရဲ့ မိသားစုဝင်တွေကို သတိထား စောင့်ကြည့်ပါ။ 

ခင်ဗျားတို့/ ကျွန်တော်တို့က အဲဒီ နီပိန်းတွေကို အကြမ်းဖက်လှုပ်ရှားမှုမှာ မပါဝင်ဘူး၊ အေးအေးဆေးဆေး နေတာပါလို့ အပေါ်ယံ အမြင်နဲ့ ထင်ကြေးပေးတတ်ကြပါတယ်။ နီပိန်းတွေရဲ့ ကောက်ကျစ်ယုတ်မာရိုင်းစိုင်းတဲ့ သဘာဝက အပေါ်ယံအမြင်မှာ အေးအေးဆေးဆေး နေတယ်လို့ ထင်ရပေမယ့် အကြမ်းဖက်သမားများကို ဆက်သွယ်သတင်းပေးတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို လုပ်ကြံသတ်ဖြတ်နိုင်အောင် စီစဉ်ပေးတယ်။ 

ဒါတွေကို နားလည်ထားရင် မိမိကျေးရွာ/ ရပ်ကွက် အတွင်းမှာ ရှိတဲ့ နီပိန်းတွေကို ပညာပေးခြင်းအားဖြင့်လည်း နီပိန်း အကြမ်းဖက်သမားများကို သတိပေးရာ ရောက်ပါတယ်။ မင်းတို့မှာလည်း မိသားစုဝင်တွေ ရှိတယ်။ မင်းတို့ကိုလည်း တူသောအကျိုးပေးနိုင်တယ်ဆိုတာကို သတိပေးသံချောင်း ခေါက်တာမျိုးလောက်တော့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူများက သတိနဲ့ ဆောင်ရွက်ကြပါလို့ သတိပေးချင်ပါတယ်။


ကိုဒေါင်း

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)