ဂွမြို့နယ်တွင် ဇွဲမာန်လူမှုကူညီရေးအသင်းက ကြီးမှူး၍ ပဥ္စမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် ဇွဲမာန်လူမှုကူညီရေးအသင်းက ကြီးမှူး၍ ပဥ္စမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ




ဂွ   ၊   ဧပြီ   ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဇွဲမာန်လူမှုကူညီရေးအသင်းက ကြီးမှူး၍ ပဥ္စမအကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို မြန်မာနှစ်ဆန်းနှစ်ရက်နေ့ ညနေပိုင်းက မြို့မရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ အသင်းရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာကြသူများက သက်ကြီးဘိုးဘွားများအား  သြကာသ ကန်တော့ချိုးဖြင့် ပူဇော် ကန်တော့ခဲ့ကြပြီး      ပူဇော်ကန်တော့ခံရန် လာရောက်ကြသည့် အသက်(၇၅)နှစ်နှင့်အထက် အဘိုးအဘွား(၅၉)ဦးတို့ကို တစ်ဦးလျှင် အလှူငွေ ၅သောင်းကျပ်ကို  ဇွဲမာန်လူမှုကူညီရေးအသင်းက လူငယ်များနှင့် အလှူရှင်များက ပေးအပ်ကန်တော့ခဲ့ကြပြီး ဘိုးဘွား များ ကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲမာန်လူမှုကူညီရေးအသင်းအနေဖြင့် သက်ကြီးဘိုးဘွားများအား ဦးထိပ်ထားကာ အသိအမှတ်ပြုလိုသောကြောင့် နှစ်စဉ် နှစ်တိုင်း မပျက်မကွက် ပူဇော်ကန်တော့လိုသည့် ရည်ရွယ်ချက်ဖြင့် သက်ကြီးပူဇော်ပွဲအား ကျင်းပပြုလုပ်လာသည်မှာ ပဥ္မမအကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)