ရွှေတောင်မြို့နယ်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်ပြီးမိုးရွားသွန်းမှုကြောင့်လူနေအိမ်( ၅) လုံးပြိုကျခဲ့ပြီး လူနေအိမ်( ၂၇) လုံးအမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်ပြီးမိုးရွားသွန်းမှုကြောင့်လူနေအိမ်( ၅) လုံးပြိုကျခဲ့ပြီး လူနေအိမ်( ၂၇) လုံးအမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်

 




ရွှေတောင် ဧပြီ -၁၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်ပြီးမိုးရွားသွန်းမှုကြောင့်င့် လူနေအိမ်( ၅)  လုံးပြိုကျခဲ့ပြီး လူနေအိမ်( ၂၇) လုံးအမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။

    အဆိုပါ လေဘေးသင့် အိမ်ထောင်စုများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် ဝန်ထမ်းများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း ကျီးသဲကျေးရွာအုပ်စု ၊ မကျီးပေါက်ကုန်းကျေးရွာအုပ်စု၊ သရက်သုံးပင်ကျေးရွာအုပ်စုတို့ရှိ ပြိုကျလူနေအိမ်( ၁)လုံးနှင့် အမိုးလန်လူနေအိမ်( ၂၄)လုံးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင်လည်းကောင်း၊ ပေါင်းချုပ်ကျေးရွာအုပ်စုနှင့် ကွင်းယားကြီးကျေးရွာအုပ်စုတို့ရှိ ပြိုကျလူနေအိမ်( ၄)လုံးနှင့် အမိုးလန်လူနေအိမ်( ၃)လုံး တို့အားပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ရှိ ပြိုကျလူနေအိမ်( ၅)လုံးနှင့် အမိုးလန်လူနေအိမ်( ၂၇)လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်း ထောက်ပံ့ငွေ ( ၁၈၄၅၂၀၀ိ/-) ကျပ်ပေးအပ်ထောက်ပံ့ခဲ့ပြီး ပြိုကျနေအိမ် ( ၅)လုံးအတွက် တစ်အိမ်လျှင် ပစ္စည်း (၁၆) မျိုးပါ ပုံး( ၁)  ပုံးစီတို့အားလေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)