ညောင်ဦးမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ပဋ္ဌာန်းကုသလတိတ်ဘာသာ ဘာသာပြန် ဘာသာဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ပဋ္ဌာန်းကုသလတိတ်ဘာသာ ဘာသာပြန် ဘာသာဆက်လက်ဖြေဆို




ညောင်ဦး  ဧပြီ  ၈   


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ယနေ့မွန်းတည့် (၁၂)နာရီအချိန်က ညောင်ဦးမြို့နယ် တောင်ဘီကျေးရွာအနီး မြို့နယ်လုံးဆိုင်ရာ ဇမ္ဗုဒီပဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။


ညောင်ဦးမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ဆဋ္ဌမနေ့ ပထမကြီးတန်း ပထမလတ်တန်း ပဋ္ဌာန်းကုသလတိတ်ဘာသာပြန် ဘာသာတွင် ပထမကြီး (၁၀)ပါး၊ ပထမလတ်တန်း (၄၀)ပါးတို့ ဝင်ရောက်ဖြေဆိုကြရာ ရဟန်း၊ သာမဏေ၊ သီလရှင်/ဆရာကြီး၊ ဆရာလေး (၅၀)ပါးဖြေဆိုကြကြောင်းသိရသည်။


အဆိုပါ စာမေးပွဲဖြေဆိုရာဌာနသို့ မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များ၊ အစိုးရပါဠိ ပထမပြန် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များက အနီးကပ် ကြီးကြပ်လျက်ရှိကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်းနှင့်ဝန်ထမ်းများ၊ အကျိုးတော်ဆောင်များက စာဖြေသံဃာများအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)