ကန့်ဘလူ၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူ၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး



ကန့်ဘလူ ဧပြီ ၈


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်အလေးချိန် ချိန်ခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဗိုက်စစ်ဆေးခြင်း၊ သန္ဓေသားအနေ အထား မှန်ကန်စေရေးပြုပြင်ပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်း (HIV ၊ ဆစ်ဖလစ်၊ သွေးချိုဆီးချို ရှိ/မရှိ)၊ မတည့်သည့်ဆေး ရှိ/မရှိနှင့် အခြားရောဂါ ရှိ/မရှိတို့ကို မေးမြန်းစစ်ဆေးပြီး ထုံနာကျင်နာ ပျောက်ဆေး၊ ဖောလစ်အက်စစ်၊ သံဓာတ်အားဆေးတို့ အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့တွင် ၆၈ ဦးခန့် စစ်ဆေးပေးခဲ့ကြောင်း မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)