ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ် တာချီလိတ်ခရိုင်နှင့် မြို့နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ် တာချီလိတ်ခရိုင်နှင့် မြို့နယ်အတွင်းရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး



နေပြည်တော်၊ ဧပြီ ၈

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် (၆-၄-၂၀၂၄) ရက်နေ့ က ရှမ်းပြည်နယ် တာချီလိတ်ခရိုင် အားကစားခန်းမနှင့် ကြက်တောင်အားကစားခန်းမ တို့ကိုလည်းကောင်း၊ မြို့မအားကစားကွင်းနှင့် အားကစားကွင်းအတွင်းရှိ ပိုက်ကျော်ခြင်း/ ဘော်လီဘောအားကစားရုံ၊ လက်ဝှေ့ရုံရှိ GYM လေ့ကျင့်ရေးခန်းမနှင့် အလေးမအားကစားရုံတို့ကိုလည်းကောင်း၊ တာချီလိတ်မြို့နယ်ရှိ ဘိလိယက်နှင့် စနူကာ အားကစားခန်းမတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/အားကစားရုံများ ရေရှည်တည်တံ့စေရေးနှင့် စိမ်းလန်းစိုပြည်မှုရှိစေရေးတို့အတွက် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ အားကစားနည်းအလိုက် လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိသည့် နည်းပြနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နွေရာသီရောက်ရှိလာပြီ  ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်နှင့် နယ်မြေဒေသအခြေအနေများ အရ လုံခြုံရေး အထူးဂရုစိုက်ကြရန်လိုကြောင်း၊ အသိပညာဗဟုသုတများတိုးပွားစေရန် စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး ပညာဝမ်းစာပြည့်အောင် အစဉ်အမြဲ ကြိုးစားသွားကြရန်လိုကြောင်း၊ မိမိတို့ အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားရန်၊ နည်းပြများအနေဖြင့်လည်း မိမိတို့၏ အရည်အသွေးများ တိုးတက်စေရန်နှင့် ပြောင်းလဲလာသည့် နည်းဥပဒေ၊ စည်းမျဉ်း/ စည်းကမ်း များကိုသိရှိအောင် အမြဲမပြတ်လေ့လာမှတ်သားပြီး မိမိကဲ့သို့ ထူးချွန်သည့်အားကစားသမားကောင်းများကို မွေးထုတ်ပေးနိုင်သည့် နည်းပြကောင်းများဖြစ်အောင် ကြိုးစားသွားရန်မှာကြားပြီး ဝန်ထမ်းများ ၏တင်ပြချက်များ၊ အခက်အခဲများနှင့် အားကစားလေ့ကျင့်မှုများပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် အားကစားအထောက်အကူပြု ပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)