ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းပိုင်းနှင့် တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်း ထိန်းသိမ်းမှုအခြေအနေများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းပိုင်းနှင့် တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်း ထိန်းသိမ်းမှုအခြေအနေများ ကြည့်ရှုစစ်ဆေး


တောင်ကြီး၊ ဧပြီ ၈

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက် မှ ၇ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းအမှတ်(၄) မှ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ အဆင့်မြှင့်တင်ပြုပြင်ထားသည့် ရွှေညောင်- အေးသာယာ - ပေါမူ - တောင်ကြီး ရထားလမ်းပိုင်းရှိ ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းထိန်းသိမ်း မှုအခြေအနေ၊ တောင်ကြီး- နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းရှိ တံတားနှင့် တာပေါင်များ ထိန်းသိမ်းမှုအခြေအနေနှင့် ဘူတာများကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်းရှိ ပေါမူ - ထီသိမ် - တောင်ကြီးအပိုင်းအား စစ်ဆေးပြီး အဆိုပါ ရထား လမ်းပိုင်းတွင် ကျောက်ဖြည့်တင်း၍ ကျောက်ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ ထီသိမ်အဝိုင်းပတ်နေရာတွင် စိုက်ပျိုးထားသည့် သစ်ပင်များနှင့် အဝိုင်းပတ်တာပေါင်တွင် မြေထိန်းနိုင်ရန် စိုက်ပျိုးထားသည့် မြက်ပင်များကို ရှင်သန်စေရေး ဂရုစိုက်သွားရန်၊ ထီသိမ်အဝိုင်းပတ် တံတားကို ပုံမှန်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန်၊ ကွေ့ဒီဂရီ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး ပုံမှန်စစ်ဆေးပြုပြင်ခြင်းများ ဆောင်ရွက်ရန်၊ ရထားလမ်းဘေးရေမြောင်းများ စနစ်တကျ ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ကြီး- နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းရှိ တံတားနှင့် တာပေါင်များ ထိန်းသိမ်းမှုအခြေအနေ ကို စစ်ဆေးပြီး ကျောက်ဖြည့်တင်းရန် လိုအပ်သည့် နေရာများတွင် ကျောက်ထပ်မံဖြည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျ ဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်းရှိ တံတားနှင့် Box Culvert များ ရေရှည် ခိုင်ခံ့မှုရှိစေရေး စနစ်တကျစစ်ဆေး၍ ထိန်းသိမ်း ဆောင်ရွက်ရန်၊ ရေမြောင်းများ (Side Drains) စနစ်တကျ ဆောင်ရွက်သွားရန်နှင့် ရထားလမ်းတာပေါင် ရေတိုက်စားမှုနည်းစေရန်အတွက် မြက်ကပ်စိုက်ပျိုးထားမှုကို ရှင်သန်အောင် ဂရုစိုက်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနအောက်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ကြီး)ရုံးမှ ပြည်နယ်အဆင့် အရာထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ သည့်အပြင် လှိုင်းတက်ဘူတာ၊ ကလောဘူတာနှင့် ရွှေညောင်ဘူတာများ၊ ယာဒ်ဝင်းများအား စစ်ဆေးပြီး ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန် ရှင်းလင်းဆောင်ရွက်ရန်၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများ၌ သောက်/သုံးရေ လုံလောက်စွာရရှိရေး စီစဉ် ဆောင်ရွက်သွားရန်၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်း ဆောင်ရွက်သွားရန်နှင့် အိမ်ရာကြီးကြပ်ရေးအဖွဲ့ကို စနစ်တကျဖွဲ့စည်း၍ ပုံမှန်စစ်ဆေးပြီး ပျက်စီးမှုများအား ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်နှင့် မြန်မာ့မီးရထားတိုင်းနယ်မြေများရှိ ဆေးရုံ၊ ဆေးပေးခန်းများတွင် ဝန်ထမ်းမိသားစုများ ပိုမိုဆေးကုသမှုခံယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)