ကျွန်းလှမြို့နယ်၌ နွေစပါးကို မျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြုစိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ်၌ နွေစပါးကို မျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြုစိုက်ပျိုး



ကျွန်းလှ ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်နွေရာသီ၌ နွေစပါးကို မျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြုပြီးစိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကျွန်တော် အရင်နှစ်က လယ်ရိတ်သိမ်းပြီး သီးထပ်အဖြစ် အစေ့ထုတ်ပြောင်းနဲ့ အခြားသီးနှံများစိုက်ပျိုးခဲ့ပါတယ်။ ဒီနှစ် နွေစပါး ငါးဧကစိုက်ပျိုးရာမှာ စပါးမျိုးစေ့ကို ဆားရည်စိမ် အညှောင့်ဖောက်ပြီး မျိုးစေ့ချကိရိယာအသုံးပြု စိုက်ပျိုးထားပါတယ်။ အခုလိုစိုက်ပျိုးခြင်းဖြင့် စပါးမျိုးစေ့နဲ့ တစ်ဧကကုန်ကျစရိတ်သက်သာတဲ့အတွက် တောင်သူ‌တွေစိုက်ပျိုးသင့်ပါတယ်” ဟု ရှမ်းစုကျေးရွာ နွေစပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

အဆိုပါ နွေစပါးစိုက်တောင်သူများအား မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့် ကိုက်ညီပြီး သက်တမ်းတိုစပါးမျိုးများရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြေယာပြုခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး လက်တွေ့ပြသခြင်း၊ ယူရီးယားဓာတ်မြေဩဇာများ ဈေးချိုသာစွာရောင်းချပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ကျွန်းလှမြို့နယ်တွင် ယခုနှစ်နွေရာသီ၌ နွေစပါးကို သဖန်းဆည်ရေကျနှင့် ချောင်းရေ၊ မြေအောက်ရေတင်ပြီးစိုက်ပျိုးကြကြောင်း ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်း ရရှိနေကြောင်း သိရသည်။


မျိုးဝင်းညို ကျွန်းလှ

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)