ကော့ကရိတ် ၊ ဧပြီ ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်စဉ်များကြောင့် မြို့နေပြည်သူလူထုများသည် ဘေးလွတ်ရာ ဆွေမျိုးများနေအိမ်နှင့် ဘာသာရေးအဆောက်အဉီးများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာမှု အားကောင်းလာပြီးဖြစ်သည့်အတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လာကြကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်နေထိုင်ကြသူများအား အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကော့ကရိတ်မြို့အတွင်း ထိခိုက်ပျက်စီးမှုများ၊ အပျက်အစီးများအား ရှင်းလင်းဖယ်ရှားခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လုံခြုံရေးအစီအမံများ စီမံဆောင်ရွက်ပေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကာ နေအိမ်မီးလောင်ပျက်စီးဆုံးရှုံး အိမ်ထောင်စုများအား နေရာချထားပေးနိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို နေရပ်ပြန်လည်နေထိုင်သည့် ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ရှင်းလင်းပြောကြားအားပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment