နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ (၅) ရက် တရားစခန်းအတွက် အလှူငွေများ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ (၅) ရက် တရားစခန်းအတွက် အလှူငွေများ လှူဒါန်း




နောင်ချို ဧပြီ ၈


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် မဟာသတိပဌာန် မိုးကုတ်ဝိပဿနာ (၅) ရက်တရားစခန်း သို့ဝင်ရောက်မည့် ယောဂီသူတော်စင်များအတွက် တစ်ရက်တာဆွမ်းအလှူငွေများ လှူဒါန်းခဲ့ရာသဖန်းကိုင်း ပရဟိတဆရာတော်မှ လက်ခံကာဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ တရားစခန်းသို့ ဝင်ရောက်လိုသော ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူ၊ ယောဂီသူတော်စင်များအနေဖြင့် စာရင်းသွင်းဝင်ရောက်နိုင်ကြောင်း၊ မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်‌ တန်ခူးလဆန်း (၅) ရက် (၁၃-၄-၂၀၂၄) နေ့မှ တန်ခူးလဆန်း (၁၀) ရက် (၁၈-၄-၂၀၂၄) နေ့အထိ (၅) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါတရားစခန်းသို့ မိုးကုတ်ကမ္မဌာနာစရိယ ဆရာတော်များ ကြွရောက်၍ ဝိပဿနာ အလုပ်ပေးတရားတော်များ ဟောကြားပြသပေးသွားမည်ဖြစ်ကြောင်း၊ တရားစခန်းအား သဖန်းကိုင်းပရဟိတဆရာတော်သဒ္ဒမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာ လင်္ကာရဦးဆောင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်းနှင့် တရားစခန်းသို့ဝင်ရောက်ကြသည့် ရဟန်းလူယောဂီ သူတော်စင်များ ချမ်းသာလွယ်ကူစွာတရားအား ထုတ်နိုင်ကြစေရန် အလှူရှင်များအနေဖြင့် နံနက်အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ဘောဇဉ်ဖျော်ရည်၊ သောက်ရေသန့်၊ တစ်နေ့တာလျှပ်စစ်မီး၊ ဆေးပစ္စည်းတို့အား လှူဒါန်းလိုပါက တရားစခန်းဖြစ်မြောက်ရေး အကျိုးဆောင်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သဖန်းကိုင်း ပရဟိတဆရာတော်ထံမှ သိရသည်။


ထွေးငယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)