နတ်မောက်မြို့နယ်၌ ခေတ်မီမျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်၌ ခေတ်မီမျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါးစိုက်ပျိုး

 



နတ်မောက် ဧပြီ ၈


မကွေးတိုင်းဒေသကြီး  နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာအုပ်စုရှိ တောင်သူ ဦးညွန့်တင်၏ စပါးနှစ်ဧကစိုက်ခင်းတွင် နွေစပါးသီးနှံကို  ခေတ်မီမျိုးစေ့ချကိရိယာ (Seeder)ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ လမ်းညွှန်မှုများနှင့်အညီ စိုက်ပျိုးလျက်ရှိသည်။

နွေစပါးသီးနှံကို ယင်းကဲ့သို့ ခေတ်မီစက်ကိရိယာများဖြင့် စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲပျိုးထောင်စိုက်ပျိုးခြင်းကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်မည့် လုပ်သားအင်အားနည်းပါးစွာဖြင့် ဆောင်ရွက်ရသည့် တောင်သူများအနေဖြင့် လုပ်သားကုန်ကျစရိတ်သက်သာစေပြီး စိုက်ဧရိယာများကို

စိုက်ပျိုးရာသီချိန်မီလျင်မြန်စွာ စိုက်ပျိုးနိုင်​ပြီး သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများအား သီးထပ်တိုးချဲ့ စိုက်ပျိုးနိုင်စေရန် အပင်ဦးရေပြည့်မီစေရန်နှင့် တစ်ဧကအထွက်နှုန်းတိုးတက်စေရန် စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို လက်တွေ့ပြုလုပ်၍ ပညာပေးကွင်းပြပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သိမ့်သိမ့်မိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)