ဟင်္သာတမြို့နယ်၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ



ဟင်္သာတ ဧပြီ ၆


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင် ခန်းမ၌ ၂၀၂၄ ခုနှစ်၊ ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၅ ရက်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေမှ အဖွင့်အမှာစကား ပြောကြားရာတွင် အခြေခံစာတတ်မြောက်ရေးနှင့်ပတ်သက်၍ မိမိတို့တက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများမှ စေတနာဝန်ထမ်းအဖြစ် သင်ကြား ပေးသွားမည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ အသိဥာဏ်ပညာ ဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးအပြင် အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ထည့်သွင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဟင်္သာတခရိုင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးသူရိန်မှ စာတတ်မြောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်များတွင် ၈.၄.၂၀၂၄ မှစတင်၍ ၁၈.၅.၂၀၂၄ ရက်နေ့အထိ ရက်ပေါင်း (၄၀) သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် ကျေးလက်ဒေသနေ ပြည်သူများနှင့် အစွန်အဖျားဒေသများရှိ ပြည်သူများအားလုံး ပညာရည်မြင့်မားရေးနှင့် ဗဟုသုတကြွယ်ဝရေးတို့အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို  လူအုပ်စုအလိုက် ကိုယ်ထူကိုယ်ထသင်ယူနိုင်သော နည်းလမ်းများကိုအသုံးပြု၍ ရပ်ရွာလူမှုအခြေပြု မိသားစုပုံစံများဖြင့် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ခရိုင်ပညာရေးမှူး ဦးတိုးဝင်းမှမြို့နယ်အလိုက် စာသင်သားပေါင်း (၁၇၄၅)ဦးအား အခြေခံစာတတ်မြောက်ရေးအတွက် သင်ကြားပေးသွားမည်ဖြစ်ပြီး နည်းပြဆရာ/ဆရာမများ ဖြန့်ခွဲသင်ကြားပေးသွားမည့် အစီအစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ အခြေခံ စာတတ်မြောက်ရေးဆိုင်ရာ Video Clip များအား အခမ်းအနားသို့ တက်ရောက် လာသူများအား ဖွင့်လှစ်ပြသခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ဟင်္သာတ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေနှင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆန်းထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းယုနှင့် ပညာရေးဌာန တာဝန်ရှိသူများ၊ ဟင်္သာတ တက္ကသိုလ်ဌာနအသီးသီးမှ သင်တန်းသား ဆရာ/ဆရာမ(၂၃)ဦး၊ ကျောင်းသား/သူ (၉၆)ဦး၊ ဟင်္သာတခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၁၁၇)ဦး စုစုပေါင်းအင်းအား (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ခရိုင်ပြန်ဆက်(ဟင်္သာတ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)