ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

 



ချမ်းမြသာစည်  ၊ ဧပြီ   ၂၃


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၅လမ်း၊ ၅၄လမ်းနှင့် ၅၄(အေ) လမ်းကြား စစ-၆/၇(ခ)နေ ဒေါ်ကြူကြူမြင့်(၇၀)နှစ်၏ နေအိမ်တွင် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ စနမ(၅)မှ ဒုဗိုလ်မှူးကြီး သက်မောင်မောင်နှင့် တပ်မတော်သားများ၊ အောင်ပင်လယ်နယ်မြေ ရဲစခန်းမှူး ဒုရဲမှူးမြင့်မောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးနှင့် သန္ဓေ(၃၀)ဦး၊ အရန်(၃၀)ဦး၊ မီးငြှိမ်းသတ် ယာဉ် (၈)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၅:၄၀ နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၅:၄၅နာရီအချိန်၌ မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်ရသည့် အကြောင်းရင်းမှာ ခြင်ဘတ်တံ အားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားရာအနီးရှိ မွေ့ယာအားကူးစက်၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး  လူနှင့် တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။


ချမ်းမြေ့

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)