ချမ်းအေးသာစံ ၊ ဧပြီ ၂၃
ရေကြောင်းလူငယ် အခြေခံ/တန်းမြင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၄)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်မှူး၊ တပ်နယ်မှ ဦးစီးအရာရှိကြီးများ၊ တပ်နယ်တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းအဖွင့်အမှာစကားများပြောကြားရာတွင် ရေကြောင်းကဏ္ဍနှင့် လေကြောင်းကဏ္ဍများသည် နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စီးပွားရေးတို့တွင် အထူးအရေးပါကြောင်း၊ သင်တန်းအား ဘာသာရပ်များကို စာတွေ့လက်တွေ့ကျွမ်းကျင်တတ်မြောက်စေရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကျန်းမာကြံ့ခိုင်ပြီး စုပေါင်းဆောင်ရွက်တတ်သည့် အလေ့ အကျင့်ကောင်းများရရှိစေပြီးရေကြောင်းနှင့်လေကြောင်း ပညာသမိုင်းများကို လေ့လာခြင်းဖြင့် စိတ်ပါဝင်စားမှု ပိုမိုတိုးပွားလာစေရေးနှင့် အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ကျောင်းပိတ်ရက်အတွင်း အချိန်ကိုတန်ဖိုးရှိစွာ အသုံးချပြီး အတတ်ပညာတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သည့် ပညာရှင်များဖြစ်အောင်၊ တိုးတက်နေ သည့်နည်းပညာရပ်များကို မျက်ခြည်မပြတ် ဆည်းပူးလေ့လာရင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးအတွက် နိုင်ငံတော်က အားထားရသည့် မျိုးဆက်သစ်လူစွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ကြိုးစားအားထုတ်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မန္တလေးတပ်နယ်မှူးတို့က သင်တန်းသားသင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ပြီး ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက်ကာ သင်တန်းဆိုင်ရာ ပညာရပ်များနှင့်ပတ်သက်သည့် သင်ထောက်ကူပြုပစ္စည်းများအား လိုက်လံကြည့်ရှုပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်
https://t.me/MyanmarNationalPost


No comments:
Post a Comment