မောင်တော ၊ ဧပြီ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စ၍ ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပင်စင်လစာများထုတ်ပေးရာတွင် မြန်မာ့စီပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်း ၁၀၀၀ ကျော်ခန့်ရှိရာ သက်ကြီးရွယ်အို အငြိမ်းစားများ၏ ပင်စင်လစာငွေများ လာရောက် ထုတ်ယူသူ အငြိမ်းစားများအား အဆင်ပြေချောမွေ့စွာ လာရောက် ထုတ်ယူနိုင်ရေးအတွက် ပင်စင်လစာငွေများထုတ်ပေးရာတွင် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများ လစာထုတ်ရက် မတိုင်မီ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူခြင်း မရှိသူ ပင်စင်အငြိမ်းစားများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ထံမှ သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment