နေပြည်တော်၊ ဧပြီ ၂၄
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဧပြီလ ၂၁ ရက်နေ့ ၀၇၄၅ အချိန် လားရှိုးမြို့နယ်၊ ဟိုနားပန်ကျမ်းကျေးရွာနေ ရန်လူ ၏တောင်ယာတဲအား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မပါးရီး(ခ)မရင်ကော့ အားတွေ့ရှိပြီး တဲအတွင်းမှ ဘိန်းဖြူ အလေးချိန် ဝ.၅၉ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၈.၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၁၅၀)၊ ဘိန်းစိမ်း အလေးချိန် ၃ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၄ သိန်း)၊ လက်လုပ်သေနတ် ၄ လက် နှင့် မြန်မာငွေကျပ် ၇၈ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရန်လူ(၅၃)နှစ် နှင့် မပါးရီး(ခ)မရင်ကော့(၅၃)နှစ်တို့အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#News

No comments:
Post a Comment