ကျင်ဒွေးမြို့က ဒေသခံ ပြည်သူများကို CDF/PDF/AA အကြမ်းဖက်အုပ်စုများရဲ့ ပစ်မှတ်အတွင်းကနေ ကယ်တင်ပါ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျင်ဒွေးမြို့က ဒေသခံ ပြည်သူများကို CDF/PDF/AA အကြမ်းဖက်အုပ်စုများရဲ့ ပစ်မှတ်အတွင်းကနေ ကယ်တင်ပါ




ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို PDF/CDF အကြမ်းဖက်အုပ်စုတွေက ဝိုင်းဝန်းတိုက်ခိုက်နေတာ ကြာပါပြီ။ မြို့နေပြည်သူတွေဟာ မြို့ရဲ့ အထကကျောင်းမှာ စုပေါင်းခိုလှုံနေကြရသလို မြို့ခံလုံခြုံရေးတပ်ဖွဲ့တွေက ကာလရှည်ကြာ ခုခံကာကွယ်ပေးထားတဲ့ မြို့လေးဖြစ်ပါတယ်။

ရက်သတ္တပတ်အတွင်းကပဲ CDF/PDF အကြမ်းဖက်သမားများက မြို့ခံ ပြည်သူများ စုပေါင်းခိုလှုံနေရာ အထကကျောင်းပေါ်ကို ဒရုန်းအသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ ပြည်သူ ၃ဦး သေဆုံးပြီး ၆ဦး အထိ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အုပ်စုရဲ့ မီဒီယာတွေမှာ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ AA အကူအညီပေးဟု ချင်းညီနောင် ထုတ်ပြန်တဲ့အကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့်တင်း၊ လေကြောင်းပစ်ကူပေးနေသော်လည်း မြို့သိမ်းနိုင်သည်အထိ တိုက်ခိုက်မည်ဟု ကြွေးကြော်ထားကြပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ၌ ရက္ခိုင့်တပ်တော်(AA)က အစစ အရာရာ အကူအညီပေးလျက်ရှိကြောင်း၊ ချင်းညီနောင်များဖြစ်သည့် ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)၊ CDF မင်းတပ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC)၊ CDF ကန်ပက်လက်၊ CDFမတူပီ တပ်မဟာ(၁) တို့၏ ပူးပေါင်းထုတ်ပြန်ချက်တွင် AAက မည်သည့် အကူအညီများ ပေးအပ်ခဲ့သည်ဆိုသည့် အချက်များကို ဖော်ပြမထားသော်လည်း ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ အခြေအနေများကို ဖော်ပြခဲ့ကြောင်း၊ ကျင်ဒွေးရှိ စစ်ကောင်စီစခန်းကို CDF ပူးပေါင်းတပ်များနှင့် PDF တပ်များ ပူးပေါင်းပြီး ၂၀၂၃ ဒီဇင်ဘာက စတင်တိုက်ခိုက်ခဲ့ရာ စခန်းရလုနီးချိန်တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု နှင့် စစ်ကူအင်အားဖြည့်တင်းခဲ့၍ နောက်ဆုတ်ပေးခဲ့ရကြောင်း၊ ယခုနှစ် မတ်လ ၇ရက်မှစ ပြီး ချင်းညီနောင်က ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ဒေသခံပြည်သူတွေ ခိုလှုံနေတဲ့ အထကကျောင်း ပတ်ပတ်လည်ကို မြင်တွေ့ရတဲ့ အခြေအနေကလည်း အကြမ်းဖက်သမားများရဲ့ တိုက်ခိုက်မှုကြောင့် စိစိညက် ပျက်စီးနေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ အထက ကျောင်းရဲ့ အမိုးပျက်စီးနေမှု မြင်ကွင်းကိုလည်း ဓာတ်ပုံမှတ်တမ်းမှာ ရှင်းလင်းစွာ မြင်တွေ့ရပါတယ်။ ဒီအတိုင်းဆိုရင်တော့ ကျောင်းပျက်စီးတဲ့ အခြေအနေကို ရောက်ရင် ဒေသခံပြည်သူတွေမှာ ခိုလှုံဖို့ နေရာတောင် ရှိမှာ မဟုတ်တော့ပါဘူး။

စာရေးသူရဲ့ ယုံကြည်မှုက တပ်မတော်က ရှင်းရင် အားလုံးပြီးပြတ်ပါတယ်။ တပ်မတော်က အပြီးအပြတ် မရှင်းလို့သာ အကြမ်းဖက်အုပ်စုများက မကြာခဏလာရောက်တိုက်ခိုက်ပြီး ဒေသခံပြည်သူများကို ခြိမ်းခြောက်နေခြင်း ဖြစ်ပါတယ်။ ကျင်ဒွေးမြို့ အနေအထားနဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကိုလည်း ကာလရှည်ကြာ ခုခံကာကွယ်ခဲ့ပြီးပြီ။ အကြမ်းဖက်အုပ်စုများက မြို့ကို သိမ်းပိုက်ဖို့ဆိုတဲ့ ရူးနှမ်းတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်နေချိန်မှာ ဒေသခံများ ဘေးကင်းလုံခြုံဖို့ တပ်မတော်အနေနဲ့ ကျင်ဒွေးမြို့အနီးဝန်းကျင်မှာ အကြမ်းဖက်လှုပ်ရှားမှု ကင်းစင်ပအောင် ဆောင်ရွက်ပေးပါလို့ ဒေသခံပြည်သူများ ကိုယ်စား တောင်းဆိုလိုက်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)