မဲဆောက်၊ ဧပြီ ၂၄
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ နှင့်အတူ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးချုပ်ရုံး၊ ထိုင်းဘုရင့်ကြည်းတပ်၊ ထိုင်းဘုရင့်လေတပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တို့သည် တာ့ခ်ခရိုင် မဲဆောက်မြို့သို့ ယမန်နေ့က ရောက်ရှိခဲ့ကြသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် အခြေအနေ နောက်ဆုံးအခြေအနေတွေကို သိရှိဖို့ မဲဆောက်မြို့က ဒေသခံ ဌာနဆိုင်ရာတွေနဲ့ ပြည်သူတွေကို ကူညီပံ့ပိုးပေးဖို့ ရောက်ရှိရာ ဒုတိယဝန်ကြီးချုပ် ပန်ပရီနှင့် အဖွဲ့သည် တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက် နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြပြီး အထူးသဖြင့် မဲဆောက်မြို့ရှိ ဒေသခံ ပြည်သူများ၏ ဘေးကင်းရေးနှင့် စားဝတ်နေရေး၊ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာ့ခ်ခရိုင် မဲဆောက်ခရိုင် ထစိုင်းလွပ်ခရိုင်ရှိ အမှတ်(၁) ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအနီးရှိ နေရာများအား ကွင်းဆင်းလေ့လာခဲ့ကြောင်း၊ တက်ခ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဒေသဆိုင်ရာ ဌာနဆိုင်ရာများမှ အဆင့်မြင့်ကိုယ်စားလှယ်များလည်း လိုက်ပါလာခြင်းဖြစ်ကြောင်း၊ Rim Moei Market အနီးရှိ ဒေသခံဈေးသည်များနှင့်လည်း ဆွေးနွေးခဲ့ပြီး ၎င်းတို့၏ လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် သက်ရောက်မှုများကို မေးမြန်းခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် မဲဆောက်ဒေသရှိ ဌာနဆိုင်ရာများနှင့် ပြည်သူများအား အပြည့်အဝ ပံ့ပိုးကူညီရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#News





No comments:
Post a Comment