လားရှိုးမြို့၊ နယ်မြေ(၅)တွင် တရုတ်နိုင်ငံသား ၁၁ဦး ပါဝင်သည့် ကျားဖြန့်ဂိုဏ်း ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့၊ နယ်မြေ(၅)တွင် တရုတ်နိုင်ငံသား ၁၁ဦး ပါဝင်သည့် ကျားဖြန့်ဂိုဏ်း ဖမ်းဆီးရမိ














လားရှိုး၊ ဧပြီ ၂၃

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိးမြို၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၅)၊ ဝမ်မိုင်လမ်း၊ အိမ်အမှတ်(၅/၃၂) အိမ်ပိုင်ရှင်စိစစ်ဆဲအား သတင်းအရ ယနေ့ (၁၁ ၃၀) နာရီတွင် ဝင်ရောက်စစ်ဆေးရှာဖွေရာ တရားမဝင် ကျားဖြန့်ဂိုဏ်းတစ်ခုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျားဖြန့်ဂိုဏ်းတွင် ကျုံးခိုင်(ကျား) ၄၀ နှစ်၊ (ဘ) ကျုံးမင်းထိုက်၊ မှတ်ပုံတင်(မရှိ)၊ တရုတ်/ဗုဒ္ဓပါ တရားမဝင် တရုတ်နိုင်ငံသား ကျား ၁၁ဦး၊ မ ၁ ဦး၊ မြန်မာနိုင်ငံသား ကျား ၈ ဦး၊ မ ၄ ဦး၊ ပေါင်း ၂၄ ဦးတိုနှင့်အတူ လက်နက်/ခဲယမ်း/ဖုန်းမျိုးစုံ/ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်၍ တရားမဝင် လုပ်ငန်းများ လုပ်ဆောင်နေသူများထံမှ  ပွိင့် ၃၈ ပစ္စတို ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ၉ မမ ဘရောင်နင်ပစ္စတို ၁ လက်၊ ပွိင့် ၃၈ ကျည် ၅ တောင့်၊ ၉ မမကျည် ၈တောင့်၊ Desktop ကွန်ပျူတာ ၁၁ လုံး၊ Lap Top ၂ လုံး၊ Adaptor ၁၃ ခု၊ မောက်စ် ၁၄ ခု၊ UPS ၁ လုံး၊ ကီးဘုတ် ၁၈ခု၊ ပရင်တာ ၁ လုံး၊ ဝိုင်ဖိုင်စက် ၄ လုံး၊ UP3/Starlink ၁ ခု၊ ဖုန်းမျိုးစုံ ၁၃၆ လုံး သိမ်းဆည်းရမိခဲ့သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)