မိုင်းဆတ်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ် ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းဆတ်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ် ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ



မိုင်းဆတ် ၊  ဧပြီ  ၁၇


မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မိုင်းဆတ်မြို့ ဗဟိုမဏ္ဍပ် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့(သင်္ကြန်အတက်နေ့) ညနေ (၅)နာရီတွင် မယ်ဆွမ်မြောက်ရပ်ကွက်၊ ဝမ်ကျောင်းရပ်ရှိ (လိမ္မော်သီးလမ်းဆုံ) ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မိုင်းဆတ်မြို့ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇင်မင်းထွန်းနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်ဇနီး၊ တာဝန်ရှိသူများနှင့် သင်္ကြန်ချစ်သူများ တက်ရောက်ကြသည်။

ထို့နောက် ဧည့်သည်တော်များအား စတုဒိတာများဖြင့် ကျွေးမွေးဧည့်ခံပြီး ယိမ်းအဖွဲ့များ၏ သင်္ကြန်သီချင်းများဖြင့် အကအလှများကို ကြည့်ရှုအားပေး၍ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇင်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် တာဝန်ရှိသူများက ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ယိမ်းအကအဖွဲ့များက သင်္ကြန်သီချင်းများဖြင့် စုပေါင်းကပြဖျော်ဖြေ၍ မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော်အခမ်းအနားကို ပိတ်သိမ်းလိုက်ကြောင်း သိရသည်။


ခိုင်သဲစုပိုင်(မိုင်းဆတ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)