ရွှေတောင် ၊ ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကျောင်းသား ၊ကျောင်းသူလေးများ ယဥ်ကျေးလိမ္မာစေရန်နှင့်အင်္ဂလိပ်စာစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယဥ်ကျေးလိမ္မာသင်တန်းနှင့်အင်္ဂလိပ်စာစွမ်းရည်သင်တန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းများဖွင့်လှစ်ရာတွင် ယဥ်ကျေးလိမ္မာသင်တန်းကို အထက်တန်း ၊အလယ်တန်း၊မူလတန်း ကျောင်းများအားလုံးတွင် ( ၁၉ - ၄- ၂၀၂၄) ရက်နေ့မှ ( ၂၈ - ၄- ၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ် ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၁၃၄၆) ဦး တက်ရောက်၍ အင်္ဂလိပ်စာစွမ်းရည်သင်တန်းကို အထက ရွှေတောင် ၊အထက ကြာနီကန်၊ အထက(ခွဲ)သရက်တော ကျောင်းတို့တွင် ၁၉ - ၄- ၂၀၂၄) ရက်နေ့မှ ( ၂၈ - ၄- ၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ ( ၁၂၇) ဦး တက်ရောက်သင်ကြားလျှက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment