ပန်းတောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့် သင်တန်းသားများအား ဆေးစစ်ဆေးမှုပြုလုပ်ခြင်း၊ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့် သင်တန်းသားများအား ဆေးစစ်ဆေးမှုပြုလုပ်ခြင်း၊ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနား ကျင်းပ


ပန်းတောင်း၊ ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ယမန်နေ့ နံနက် (၉:၀၀)အချိန်က ကျောက်ဖူးကျေးရွာအုပ်စု၊ အမှတ်(၄) တပ်မတော်ဆေးရုံ ကုတင် (၂၅)တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်မည့် သင်တန်းသားများအား ဆေးစစ်ဆေးမှုပြုလုပ်ခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးချစ်ကိုကို၊ အဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးကျော်ညီ၊ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးသန်းလွင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်ဝင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြည်သူ့စစ်မှုထမ်းဥပဒေတာဝန်ထမ်းဆောင်မည့် သင်တန်းသား (၃၂)ဦးအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးစစ်ခြင်း၊ ကိုယ်ရေးအချက်အလက်ဖောင်များဖြည့်သွင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် သင်တန်းသားများအား နံနက်စာ၊ နေ့လယ်စာ၊ အားဖြည့်အချိုရည်များကျွေးမွေးခြင်း၊ တစ်ကိုယ်ရည်သုံးပစ္စည်းများဖြစ်သော သွားတိုက်တံ၊ သွားတိုက်ဆေး၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးများ အခမဲ့ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


လပြည့်လင်း

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)