နေပြည်တော၊ ဧပြီ ၃
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒေါက်တာဝါဝါမောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီအတွင်းရေးမှူး မစ္စတာကျန်းစမ်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တက်ဟုန်ပြည်နယ်ခွဲတို့အကြား စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြောင်း သိရသည်။
#News
No comments:
Post a Comment