မြန်မာကောင်စစ်ဝန်ချုပ်က ချုံချင့်နေ့စဉ်သတင်းဌာန၏ တွေ့ဆုံမေးမြန်းသည့် အစီအစဉ်ကို လက်ခံဖြေကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာကောင်စစ်ဝန်ချုပ်က ချုံချင့်နေ့စဉ်သတင်းဌာန၏ တွေ့ဆုံမေးမြန်းသည့် အစီအစဉ်ကို လက်ခံဖြေကြား




ချုံချင့်၊ ဧပြီ ၃

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ၂-၄-၂၀၂၄ ရက်နေ့၊ ၁၀:၃၀ နာရီတွင် ကောင်စစ်ဝန်ချုပ်ရုံး၌ ချုံချင့်နေ့စဉ်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းသည့် အစီအစဉ်တစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

တွေ့ဆုံမေးမြန်းမှုတွင် ကောင်စစ်ဝန်ချုပ်က ချုံချင့်မြို့နှင့်ပတ်သက်၍ ကောင်စစ်ဝန်ချုပ်၏ အတွေ့အကြုံများ၊ ကောင်စစ်ဝန်ချုပ်ရုံးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ ချုံချင့်မြို့၏ နိုင်ငံတကာဆက်ဆံရေးအခြေအနေ၊ မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေးကိစ္စရပ်များ နှင့်ပတ်သက်၍ သတင်းဌာန၏ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။ 

တွေ့ဆုံမေးမြန်းမှုအစီအစဉ်ကို ချုံချင့်နေ့စဉ်သတင်းဌာန၏ Website တွင် ရုပ်သံအဖြစ် ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး၊ ချုံချင့်နေ့စဉ်သတင်းဌာနမှ ထုတ်ဝေမည့် စာစောင်တွင်လည်း ဆောင်းပါးအဖြစ် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)