တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်၅၀၀) တွင် ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်၅၀၀) တွင် ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်








ရန်ကုန်၊ ဧပြီ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီးမှ ဦးဆောင်၍ မင်္ဂလာဒုံခရိုင်နှင့် လှည်းကူးခရိုင်တို့မှ စုပေါင်းသွေးလှူဒါန်းပွဲအား ယနေ့  ဧပြီလ ၇ရက်နေ့ နံနက်(၉ ၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်၅၀၀) တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီရန်ကုန်တိုင်းဒေသကြီး  တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးနှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်၅၀၀) ဒုတိယတပ်မှူး ဗိုလ်မှူးကြီး ခင်ဇော်ဟိန်းနှင့် တပ်မတော် ဆေးဘက်ဆိုင်ရာအရာရှိများမှ စုပေါင်းသွေးလှူဒါန်းမှုအား လိုက်လံကြည့်ရှု့အားပေးခဲ့ကြပြီး စေတနာရှင်သွေးအလှူရှင်များအား အဟာရ ကြက်ဥ နှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။ 

ထို့နောက် အစည်းအဝေးခန်းမ၌ ဒုတိယတပ်မှူးဗိုလ်မှူးကြီး ခင်ဇော်ဟိန်းမှ ကျေးဇူးတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ 

အဆိုပါ သွေးလှူဒါန်းပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌဦးခင်မောင်စိုး တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးတင်မောင်ဝင်း၊ ဒေါ်သင်းသင်းမိုး၊ ဦးနေလင်း၊ ဦးနေဝင်း၊ လှည်းကူးခရိုင်ဥက္ကဌ ဦးအောင်မျိုးနိုင်နှင့် ခရိုင်ကော်မတီဝင်များ မင်္ဂလာဒုံခရိုင်ဥက္ကဌ ဦးမျိုးမင်းနိုင်နှင့် ခရိုင်ကော်မတီဝင်များ မြို့နယ် ရပ်/ကျေး ပါတီဝင်များနှင့် စေတနာသွေးအလှူရှင် စုစုပေါင်း (၅၀)ဦးတက်ရောက် လှူဒါန်းခဲ့ကြသည်။ 

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဇီဝိတဒါနသွေးလှူဒါန်းခြင်းအား သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ပါတီဝင်များမှ လူမှုပရဟိတအသင်းအဖွဲ့များနှင့်ချိတ်ဆက်၍လှူဒါန်းခြင်း၊ နိုင်ငံတော်၏အထင်ကရနေ့ထူး နေ့မြတ်များတွင်လည်း စုပေါင်းလှူဒါန်းခြင်းများအား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


Photo - Sit Naing

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)