ဘယ်ကောင်ခွေးလဲ (မိတ်ဆွေ ၃ကောင် + ဂွမ်မော်) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘယ်ကောင်ခွေးလဲ (မိတ်ဆွေ ၃ကောင် + ဂွမ်မော်)



KIA အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဂွမ်မော် က ဧပြီလ ၂၆ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ လိုင်ဇာမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်တင်ရင်း မှတ်ချက်အနေနဲ့ - (မိတ်ဆွေ ၃ကောင် အဆင်ပြေပါတယ်။ ကချင်စကားတော့ သိပ်နားမလည်ကြသေးပါဘူး။) လို့ MNDAA, TNLA, AA  တို့ကို လူရာမသွင်းဘဲ ခွေးနဲ့ နှိုင်းပြီး ရေးသား ဖော်ပြသွားခဲ့ပါတယ်။

တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး နောက်ပိုင်း NUG နဲ့အတူ အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာက KIA, KNU တို့ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ ဦးဆောင်သူများနဲ့ လက်တွဲပြီး နီပိန်း လူငယ်များကို အကြမ်းဖက်သင်တန်းပေးခဲ့တဲ့ အဖွဲ့ ၂ဖွဲ့ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို KIA အကြမ်းဖက်အဖွဲ့က ဦးဆောင်ပြီး နီပိန်း ပဒက်များကတော့ KIA ခိုင်းစေသည့် အတိုင်း သံဃာတော်တွေကိုလည်း သတ်၊ ဆရာ/ ဆရာမတွေကိုလည်း သတ်၊ သူတို့ကို အားပေးထောက်ခံခြင်း မရှိတဲ့ ပြည်သူများကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး သတ်ခဲ့ကြပါတယ်။

KIA ဦးဆောင်သူ ဂွမ်မော်အပါအဝင် ခရစ်ယာန်အစွန်းရောက်များဟာ ဗုဒ္ဓဘာသာအပေါ် အငြှိုးတကြီးနဲ့ ရက်စက်ယုတ်မာဖို့ အခွင့်အရေးရခဲ့ပါတယ်။ ဗမာ ငပိန်း လူ့ငနွား ပဒက်များဟာ မူးယစ်ဆေးရဲ့ သားကောင်ဖြစ်ပြီး သံဃာတော်တွေ၊ ဆရာ/ဆရာမတွေကို သတ်ဖြတ်ရာမှာ အလွန်အမင်း ရက်စက်စွာ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် KIA ရဲ့ ဘာသာရေးပဋိပက္ခဖန်တီးမှုကို သိမြင်ကြပေမယ့် အားလုံးက လည်ဆင်းခံပေးခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗမာ ငပိန်း ပဒက်တွေဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သော်လည်း ဘာသာတရားရဲ့ တန်ဖိုးကို သိမြင်နားလည်နိုင်စွမ်း မရှိတော့သည်အထိ ပိန်းပိတ်ကုန်ကြပါတယ်။ 

ကမ္ဘာမှာ ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့တဲ့ IS အကြမ်းဖက်အဖွဲ့ထက်ကို ပိုပြီး ရက်စက်ယုတ်မာသူများ ဖြစ်အောင် KIA က စနစ်တကျကို လုပ်လိုက်နိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများနဲ့ ဖွဲ့စည်းထားတဲ့ NUG နဲ့အတူ KIA က အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်နေချိန် ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ နှစ်လယ်လောက်အထိ MNDAA, TNLA, AA တို့က အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်လာခြင်း မရှိပါဘူး။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာ (၂၇) ရက်နေ့မှာမှ (၁၀၂၇) စစ်ဆင်ရေးလို့ ကြေညာပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လာကြချိန်မှာ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အနေနဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာမျိုး လုပ်ဆောင်လာခဲ့ကြပါတယ်။ ဒီနေရာမှာလည်း မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့လို့ အမည်ခံထားတဲ့ MNDAA, TNLA, AA တို့ရဲ့ ထုတ်ပြန်ချက်တွေမှာ တရုတ်နိုင်ငံရဲ့ လိုလားချက်ကို မီငြမ်းပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာတာဖြစ်တဲ့အတွက် မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေဖို့ တရုတ်ပါဝင်လာတဲ့ အခြေအနေတစ်ရပ်ကို မြင်တွေ့ခဲ့ရပါတယ်။

ပြည်ပြေး ဝရမ်းပြေး ပြည်ပသြဇာခံ NUG အကြမ်းဖက်အဖွဲ့အနေနဲ့ကတော့ သူတို့လို တိုင်းဖျက် ပြည်ဖျက်လုပ်မယ့် မည်သည့်အဖွဲ့အစည်းကိုမဆို လက်ကမ်းကြိုဆိုနေတာဖြစ်တဲ့အတွက် MNDAA, TNLA, AA အဖွဲ့တွေက အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်လာတဲ့အချိန်မှာ NUG သြဇာခံ ပဒက်အဖွဲ့တွေက မြောက်ပိုင်းမဟာမိတ်နဲ့ ပူးတွဲတိုက်ခိုက်တာတွေလည်း တွေ့မြင်ခဲ့ရပါတယ်။ 

တကယ်တော့ မြောက်ပိုင်းမဟာမိတ်ဟာ (၃)ဖွဲ့ မဟုတ်ဘူး။ KIA အပါအဝင် (၄)ဖွဲ့ ဖြစ်ပါတယ်။ KIA, MNDAA, TNLA, AA လေးဖွဲ့ကို မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့  Northern Alliance - Burma (NA-B) လို့ သတ်မှတ်ထားပါတယ်။ ၂၀၁၆ မှာ စတင်ပြီး ရှမ်းပြည်(မြောက်ပိုင်း) မူဆယ်၊ မုန်းကိုး၊ ပန်ဆန်း၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့တွေမှာ တိုက်ပွဲတွေ ဖန်တီးခဲ့ကြတာကို ရှမ်းမြောက်က ပြည်သူတွေ သိကြပါတယ်။ တိုက်ပွဲတွေလည်း ပြင်းထန်ခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့တွေရဲ့ သဘောသဘာဝအတိုင်း ခရီးသွား ပြည်သူတွေကို ဖမ်းဆီးတာ၊ ခရီးသွားပြည်သူတွေကို ဖမ်းဆီးတာ၊ ခရီးသည်တင် ဘက်စ်ကားကြီးတွေကို ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးတာတွေအထိ လုပ်ခဲ့ကြတဲ့ ပြည်ဖျက်မိစ္ဆာတွေ ဖြစ်ပါတယ်။

MNDAA ကို အပထားပြီး TNLA, AA ဖြစ်တည်လာမှုမှာတော့ KIA က ပြုစုပျိုးထောင်ပေးခဲ့တာလို့ ပြောနိုင်ပါတယ်။ သို့သော် ယခုအချိန်မှာတော့ MNDAA, TNLA, AA တို့မှာလည်း ဘက်ဂရောင်း ကောင်းကောင်းရသွားပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ အမေရိကန်ရဲ့ သြဇာခံ KIA ကို ဆရာလို့ သဘောမထားကြတော့ပါဘူး။ ရှမ်းမြောက်မှာ ရှိတဲ့ KIA တပ်ဖွဲ့တွေကို TNLA က ပြောင်းရွှေ့ခိုင်းတာ၊ MNDAA က ရုံးခန်းဖွင့်ခွင့်မပေးတော့တာတွေ ဖြစ်လာပါတယ်။ AA ကတော့ ရခိုင်ပြည်မှာ ခြေကုတ်ယူဖို့ ကြိုးစားရင်း KIA ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်သွားပြီလို့ ဆိုနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ AA ခြေကုတ်ယူနိုင်မလား ဆိုတာတော့ တပ်မတော်အပေါ်မှာပဲ မူတည်ပါတယ်။ ဘယ်လောက်ထိ ပြတ်ပြတ်သားသား နှိမ်နင်းမလဲ။ လူမျိုးရေး ဘာသာရေး ပဋိပက္ခဖန်တီးမှုတွေကို ဘယ်လောက်အထိ သဘောကောင်းနေမလဲ ဆိုတဲ့အပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ်။ 

AA ရခိုင်ပြည်ထဲမှာ ခြေကုတ်ရသွားပြီဆိုရင်တော့ ရခိုင်ပြည်နယ်မှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို မြင်ရဖို့ထက် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့မှာ ဖြစ်နေတဲ့ ပုံစံမျိုး ဒေသခံပြည်သူများအနေနဲ့ ယမ်းငွေ့တလူလူနဲ့ ပျော်မွေ့ရမယ့် အခြေအနေ ဖြစ်သွားပါလိမ့်မယ်။

KIA ခေါင်းဆောင် ဂွမ်မော် က မိတ်ဆွေ (၃)ကောင် လို့ သုံးနှုန်းလိုက်ခြင်းအားဖြင့် သူသည်လည်း တချိန်က ဒီအကောင်များနဲ့ တသားတည်းဖြစ်ခဲ့တယ်ဆိုတာကို သိသာစေပါတယ်။ (မိတ်ဆွေ ၃ကောင် + ဂွမ်မောက်) စုစုပေါင်း ၄ကောင် ဖြစ်သွားပါတယ်။ ဒီအကောင်တွေ အားလုံးဟာ ကိုယ့်အတ္တအတွက် အများပြည်သူရဲ့ အသက်တွေကို နည်းနည်းလေးမှ မငဲ့ကွက်တဲ့ မိစ္ဆာကောင်တွေချည်းပဲ မဟုတ်ပါလား။ တိုင်းတပါးရဲ့ ကူညီထောက်ပံ့မှုကို ရယူပြီး တိုင်းရင်းသား ပြည်သူများကြားမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖန်တီးကာ မူးယစ်ဆေးဝါး အပါအဝင် တရားမဝင် လုပ်ငန်းတွေနဲ့ ကိုယ်ကျိုးရှာနေကြတဲ့ ပြည်ဖျက်မိစ္ဆာတွေချည်းပါပဲ။ အိမ်မှာ ခွေးမွေးထားရင် လူစိမ်းလာတဲ့အခါ ခွေးက ဟောင်ဖော်ရပါသေးတယ်။ ဒီကောင်တွေကတော့ ဟောင်ဖော်မရသည့်အပြင် ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများရဲ့ အလိုကျ မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေခြင်းဟာ ခွေးလောက်မှ တန်ဖိုးရှိလား။  ။


ကိုဒေါင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)