ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ Remember Bar စားသောက်ဆိုင် မီးလောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ Remember Bar စားသောက်ဆိုင် မီးလောင်




ရန်ကုန်၊ ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊၅၈ရပ်ကွက် ၊ဦးဘဉာဏ်လမ်းရှိ Remember Bar စားသောက်ဆိုင်တွင် ဧပြီလ ၂၈ရက် နံနက်၈နာရီခွဲခန့်က ဝရိန်ဆော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Remember Barစားသောက်ဆိုင်သည် ယခုနှစ် ဇန်နဝါရီလက မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် ယာယီပိတ်ထားခဲ့ရာ ဧပြီလ ၂၈ရက် နံနက်ပိုင်းကပစ္စည်းအတင်အချပြုလုပ်သည့်အခန်းရှိ  Hဘင့်ကို ပြုပြင်ရန် ဝရိန်ဆော်ရာမှ မီးပွားလွင့်စင်ပြီးအသံလုံဖော့များပေါ်သို့ ကျရာမှ စတင်လောင်ကျွမ်းခဲ့သည်ဟု စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုမှာ ၁၀မိနစ်ခန့် ကြာမြင့်ခဲ့ပြီးအသံလုံဖော့ ၁၀ချပ်၊ ဝါယာကြိုးများမီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မီးငြှိမ်းသတ်ယာဉ်၂စီး၊ အထောက်အကူပြုယာဉ်၁စီး၊ သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင် ၁၇ဦးဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက်၈နာရီ ၄၀တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက်၃၈နှစ်အရွယ် အမျိုးသားကို ပုဒ်မ ၂၈၅ဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလဆန်းက Remember Bar စားသောက်ဆိုင်တွင် စတိတ်စင်ပေါ်ရှိ မီးဆိုင်းကို ဝရိန်ဆော်ရာ အသံလုံဖော့များပေါ်သို့ မီးပွားကျရာမှ DJ စက်၊ ဘောက်စ်များ၊ စတိတ်စင်နှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်။


ချမ်းမြေ့

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)