ဇေယျာသီရိမြို့နယ်၌ နွေနှမ်းလျာထားချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်၌ နွေနှမ်းလျာထားချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး




ဇေယျာသီရိ ဧပြီ ၃


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ နွေနှမ်းလျာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီနှင့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ညနေပိုင်းက ကျောက်ချက်ကျေးရွာ ဆည်မြောင်းရှေ့တန်းရုံး၌ တွေ့ဆုံခဲ့သည်။


တွေ့ဆုံပွဲသို့ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်၊ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးပြေသိန်း၊ ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချစ်ကြည်မောင်၊ မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးကျော်ဇင်ဝင်း၊ ကွင်းအမှတ် ၁၆၀၈ ကွင်းမှ နွေနှမ်းစိုက်တောင်သူများ တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက တောင်သူများအနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနတို့မှ စိုက်ပျိုးနည်း စနစ်လိုအပ်ချက်၊ စိုက်ပျိုးရေလိုအပ်ချက်များတင်ပြ၍ နွေနှမ်းလျာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊   စိုက်ပျိုးရာတွင် အချိန်မီရက်တိုသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးမှူး ဦးပြေသိန်းက ဆီထွက်သီးနှံ နွေနှမ်းအထူးဇုံအပြင် ဘောင်းကြီးတင်စနစ်ဖြင့်လည်း စိုက်ပျိုးနိုင်ရေးနှင့် နွေသီးနှံ မတ်ပဲစိုက်ပျိုးနိုင်ရေး စည်းရုံပြောကြားခဲ့ပြီး ဆည်မြောင်းဦးစီးမှူး ဦးချစ်ကြည်မောင်မှ ရေဆင်းဆည်ရေပေးဝေနေမှုအပေါ် တောင်သူများအနေဖြင့် ရေအလေအလွင့်မဖြစ်ပေါ်စေရေး စနစ်တကျရေသွင်းယူနိုင်ရေး မိမိတို့ဌာနဖြင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဇေယျာသီရိမြို့နယ်တွင် ယခုနှစ် ဆီထွက်သီးနှံဖြစ်သည့် နွေနှမ်း ၁၅၀၀ ဧက စိုက်ပျိုးသွားရန် လျာထားလျက်ရှိကြောင်း ဇေယျာသီရိမြို့နယ် မြေစာရင်းဦးစီးဌာနမှ သိရသည်။


ထွန်းလင်း(ဇေယျာမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)