မြန်မာသံရုံး၊ ကူဝိတ်မြို့မှ Asian Culinary Festival တွင် ပါဝင်ဆင်နွှဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာသံရုံး၊ ကူဝိတ်မြို့မှ Asian Culinary Festival တွင် ပါဝင်ဆင်နွှဲ





ကူဝိတ်၊ မေ ၂၆

ကူဝိတ်နိုင်ငံ၊ ကူဝိတ်မြို့ City Hypermarket (City Center) တွင် ၂၄-၅-၂၀၂၄ ရက်၌ ကျင်းပခဲ့သည့် အာရှအချက်အပြုတ်ဈေးပွဲတော် (Asian Culinary Festival) သို့ မြန်မာသံရုံး၊ ကူဝိတ်မြို့မှ ပါဝင်ဆင်နွှဲခဲ့သည်။ 

မြန်မာသံအမတ်ကြီးသည် အခြားသော အာရှနိုင်ငံများမှ အမတ်ကြီးများနှင့်အတူ ဈေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဈေးပွဲတော်ကို ကူဝိတ်မြို့ရှိ အထင်ကရဈေးဝယ် စင်တာတစ်ခုဖြစ်သော City Hypermarket (City Center) ၏ အဓိကပံ့ပိုးမှုဖြင့် Jollibee၊ Vinta Kuwait၊ Berry Blast၊ Moonalicious၊ Hangout၊ Coffilia နှင့် Kedai Indonesia စသည့် စားသောက်ကုန်လုပ်ငန်းများက ပူးပေါင်း စီစဉ်ကျင်းပခြင်းဖြစ်သည်။

ဈေးပွဲတော်တွင် မြန်မာသံရုံးနှင့်အတူ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ နီပေါ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံ သံရုံးတို့မှလည်းပါဝင် ဆင်နွှဲခဲ့ကြသည်။ 

ဈေးပွဲတော်၌ သက်ဆိုင်ရာ သံရုံးများက နိုင်ငံအလိုက် ရိုးရာအစားအသောက်နှင့် ထွက်ကုန်ပစ္စည်းများကို ပြသရောင်းချခဲ့ကြပြီး ယဉ်ကျေးမှုအကများဖြင့် တင်ဆက်ခဲ့ကြသည်။ ထို့အတူ ခရီးသွား လုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ဗီဒီယိုများကိုလည်း နိုင်ငံအလိုက်ပြသခဲ့ကြသည်။

မြန်မာသံရုံးအနေဖြင့် မြိတ်ကတ်ကြေးကိုက်နှင့် ရွှေကြည်ဆနွင်းမကင်းတို့ ပါဝင် ရောင်းချခဲ့ပြီး မြန်မာခရီးသွားမြှင့်တင်ရေးဗီဒီယို ပါဝင်ပြသခဲ့သည့်အပြင် အထင်ကရ ခရီးသွားနေရာများပါရှိသည့် လက်ကမ်းစာစောင်များ၊ စီဒီခွေများကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)