တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်၊ ဒွိပိဋကကော်ဝိဒဘွဲ့တံဆိပ်တော်တို့အား ချီးကျူးဂုဏ်ပြုပူဇော်ခြင်းနှင့် သက်တော်ထင်ရှား သုတဗုဒ္ဓအရှင်မြတ်များထံမှ ဩဝါဒခံယူပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်၊ ဒွိပိဋကကော်ဝိဒဘွဲ့တံဆိပ်တော်တို့အား ချီးကျူးဂုဏ်ပြုပူဇော်ခြင်းနှင့် သက်တော်ထင်ရှား သုတဗုဒ္ဓအရှင်မြတ်များထံမှ ဩဝါဒခံယူပူဇော်ပွဲကျင်းပ








နေပြည်တော်၊ မေ ၂၆

တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်နှင့် ဒွိပိဋကကော်ဝိဒဘွဲ့တံဆိပ်တော်တို့အား ချီးကျူးဂုဏ်ပြုပူဇော်ခြင်းနှင့် သက်တော်ထင်ရှား သုတဗုဒ္ဓအရှင်မြတ်များထံမှ ဩဝါဒခံယူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တိပိဋက ကမ္ဘောဇကျောင်းတိုက်၌ ပြုလုပ်ရာ တိပိဋကမော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဒာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့် အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်နှင့် ဒွိပိဋကကောဝိဒဘွဲ့တံဆိပ်တော်ရ ဆရာတော်အရှင်သူမြတ်မျာအား ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ညနေပိုင်းတွင် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်၊ ဒွိပိဋကကောဝိဒဘွဲ့တံဆိပ်တော်တို့အား ချီးကျူးဂုဏ်ပြုပူဇော်ခြင်းနှင့် သက်တော်ထင်ရှားသုတဗုဒ္ဓအရှင်မြတ်များထံမှ ဩဝါဒခံယူပူဇော်ပွဲကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် သိန္တိသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိပိဋကကမ္ဘောဇကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေပေးခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)