ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

 



ဒဂုံအရှေ့ မေ ၄


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအား မိမိတို့ဝန်းကျင်ရှိ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ချစ်မြတ်နိုးတတ်စေရန်နှင့် လက်ရှိရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၏ အခြေခံအကြောင်းအရင်းများကို သိရှိနားလည် တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စုဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ထိုသို့ဟောပြောရာတွင် သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိက ကျောင်းသူ/သားများကို “သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ထိန်းသိမ်းခြင်း၊ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ သစ်တောများနှင့် ရေဝေရေလဲဒေသများထိန်းသိမ်းခြင်း၊ သစ်တောများမှပေးစွမ်းနိုင်သောအကျိုးကျေးဇူးများ” အစရှိသည့် ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာသော ကျောင်းသူ/သားများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။


ထို့နောက် ကျောင်းသားကျောင်းသူ(၈၀)ဦးအား သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာန၊ ရွာသာကြီးအမြဲတမ်းပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသည့် ပျိုးပင်များအကြောင်းနှင့် နည်းလမ်းတကျ သစ်ပင်စိုက်ပျိုးခြင်း အခြေခံနည်းစနစ်တို့အား သရုပ်ပြ ရှင်းလင်းခဲ့ကြောင်း သိရသည်။


ဇွဲမင်းထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)