ကျောက်မဲ ၊ မေ ၄
၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ နံနက် ၇ နာရီအချိန်တွင် ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးက ဦးဆောင်၍ ကျောက်မဲခရိုင်မီးသတ်ဦးစီးရုံးတွင် ဆိုင်းဘုတ်တင်အခမ်းအနားဆောင်ရွက်ခြင်း၊ အမှတ် ၁ ရပ်ကွက်ရှိ အောင်ခြင်းရှစ်ပါးစေတီတော်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။
ကျောက်မဲခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးနှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်းအင်အား ၇၀ ဦးကျော်တို့သည် အောင်ခြင်းရှစ်ပါးစေတီရင်ပြင်တော်အား ဆေးကြောသန့်စင်ခြင်း၊ ရင်ပြင်တော်အပြင်ဘက်ရှိ သစ်ပင်ချုံနွယ်များ၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပြီး ထိုသို့ဆောင်ရွက်နေမှုများကို ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးစိုးညွန်ရွှေနှင့် အဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment