ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နွေရာသီအားကစားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နွေရာသီအားကစားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ




လွိုင်ကော် ၊  မေ  ၄


ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် လူငယ်ရေးရာကော်မတီနှင့် အားကစားနှင့် ကာယပညာကော်မတီတို့မှ ကြီးမှူးကျင်းပသော လူငယ်ရေးရာပညာပေးဟောပြောပွဲနှင့် နွေရာသီအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီခွဲတွင် တောင်ကြီးမြို့ ပြည်နယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နံနက်(၇)နာရီခွဲမှစတင်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်ရေးရာဦးစီးဌာနမှ လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ နွေရာသီအားကစားသင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား/သူများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြပါသည်။ သင်တန်းကို အားကစားနည်း (၈)မျိုးဖြင့် သင်တန်းသား/သူ (၂၄၀)ဦး တက်ရောက်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့မှ အားကစားသင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းနှင့် နည်းပြဆရာများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် အားကစားသင်တန်းသား/သူများမှ အားကစားနည်းများအလိုက် သရုပ်ပြသခြင်းကို တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)